တစ်ဒေါ်လာလျှင် ကျပ် ၁,၅၈၀ ကျော်၊ အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၁,၀၂၁,၀၀၀ ကျော်ဖြင့် ဒေါ်လာ နှင့်ရွှေဈေးသည် ယခုရက်ပိုင်းအမြင့်ဈေး၌ ငြိမ်နေသည်။
ငွေကြေး ကစားသူများကို အထူးစုံစမ်းစစ်ဆေးရေးဌာနက ဖမ်းဆီးအရေးယူခြင်းကြောင့် ဒေါ်လာဈေးဆက်တိုက်ကျဆင်း နေရာမှ အောက်တိုဘာလဆန်း တွင် ပြန်လည်မြင့်တက်လာပြီး လက်ရှိ၌ဒေါ်လာသည်အမြင့်ဈေး တွင် တည်ငြိမ်နေကြောင်း ပြည် တွင်းငွေလဲဈေးကွက်မှ သိရ သည်။
‘‘အခုနောက်ပိုင်းအရင်က လို ရောင်းဈေးနဲ့ဝယ်ဈေးကို အရမ်းမခွာကြတော့ဘူး။ တစ်ဒေါ် လာကို ကျပ် ၂၀ လောက်အထိ အများဆုံးခွာတာပဲရှိတော့တယ်။ အရင်ကလို ကျပ် ၃၀ ကျော် လောက်ထိ မများတော့ဘူး။ ဒါ ကြောင့် အတက်၊ အကျသိပ်မများ တော့ဘူး’’ ဟု ငွေလဲကောင်တာ ပိုင်ရှင်ကိုမင်းအောင်က ပြောသည်။
ပြည်တွင်းအခေါက်ရွှေဈေး သည် အမြင့်နှုန်းဖြစ်သည့် တစ် ကျပ်သားလျှင် ကျပ် ၁,၀၂၁,၀၀၀ အထက်တွင် ပေါက်ဈေးရှိနေပြီး ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေး ကြောင့် ယခုကဲ့သို့မြင့်တက်နေ ကြောင်း ရွှေအရောင်းအ၀ယ် လုပ်ကိုင်သူဦးမင်းမင်းက ပြော သည်။
အောက်တိုဘာ ၁၉ ရက် တွင် ပြင်ပဈေးကွက်၌ဒေါ်လာ ၀ယ်လိုအား ၂ ဒသမ ၅ သန်းရှိပြီး ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ၁,၅၄၁ ကျပ်ဖြင့်ဈေးဖွင့်ပြီး ဒေါ်လာ ၃၀၀ ထုတ်ရောင်းခဲ့သည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ဒေါ်လာဈေး မြင့်တက်နေ သော်လည်း ဗဟိုဘဏ်က ပြည် တွင်းဘဏ်များသို့ အောက်တိုဘာ ၁၆ ရက်တွင် တစ်ဒေါ်လာ၁,၅၃၅ ကျပ်ဖြင့် ဒေါ်လာ ၆၀၀ ထုတ် ရောင်းခဲ့သည်။ ထိုရက်တွင် ဒေါ် လာဝယ်လိုအားသည် ၆ ဒသမ ၆ သန်းရှိသည်။ အောက်တိုဘာ ၁၅ ရက်က ဒေါ်လာလိုအပ်ချက် ၇ ဒသမ ၄ သန်းရှိသော်လည်း ဗဟို ဘဏ်ကတစ်ဒေါ်လာ ၁,၅၃၅ ကျပ်ဖြင့်ဒေါ်လာ ၇၀၀ သာထုတ် ရောင်းခဲ့သည်။
Source : 7Daydaily
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments