09-261334475

BCC လက်မှတ် မရသေးခင် နေထိုင်ရင် ဒဏ်ကြေးကျပ် ၁၂၀၀၀၀ ပေးဆောင်ရမည်

အဆောက်အအုံ၊ ပြီးစီးကြောင်း၊ ဘီစီစီ လက်မှတ်မရသေးတဲ့ အဆောက်အအုံပေါ် မှာ နေထိုင်ရင် ဒဏ်ကြေး ကျပ် ၁၂၀၀၀၀ ပေးဆောင်ရမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ကသိရပါတယ်။ 

အင်ဂျင်နီယာဌါန( အဆောက်အအုံ) က တာဝန်ရှိသူတစ်ဦးက ဘီစီစီ မရသေးတဲ့ နေတာ စစ်ဆေးတွေ့ရှိရင် လိုင်စင်ကန်ထရိုက်တာကို တစ်ခန်းကို ဒဏ်ကြေး ကျပ် ၁၂၀၀၀၀ ဒဏ်ရိုက်သွားမယ်လို့ ပြောပါတယ်။ 

မြေပိုင်ရှင် ကိုတော့ ဘီစီစီ လက်မှတ် မရသေးခင် နေထိုင်ချင်ရင် ဌါနကို လျှောက်ထားပြီး နေထိုင်ခွင့် တောင်းခံနိုင်တယ်လို့ သိရပါတယ်။ ဘီစီစီ လက်မှတ် မရခင် နေထိုင်ခွင့် လျှောက်ထားဖို့ အတွက် အဖောက်အအုံ တည်ဆောက်တဲ့ လိုင်စင်ကန်ထရိုက်တာ တံဆိပ်တုံး လက်မှတ်၊ မြေရှင်ရဲ့ လက်မှတ်နဲ့ အတူ ဌါနမှာ နေထိုင်ခွင့်တောင်းခံရမှာ ဖြစ်ပါတယ်။ 

ကြိုတင်နေထိုင်ခွင့်လျှောက်ထားဖို့ အတွက် အဆောက်အအုံ ပြီးစီးရပါမယ်။ မူလ ငှါးရမ်းနေထိုင်တဲ့ အိမ်ငှါးစာချုပ်ပြည့်တာ၊ ၀ါဝင် ၀ါထွက် ကာလဖြစ်လို့ အိမ်ငှါး မရတာကစတဲ့ အခက်အခဲ အိမ်ငှါးမရတာ စတဲ့ အခက်အခဲ တွေကို တင်ပြပြီးလျှောက်ထားရမှာ ဖြစ်ပါတယ်။ အင်ဂျင်နီယာဌါနအဆောက်အအုံ က တာဝန်ရှိသူတစ်ဦးက မြေရှင်က အိမ်ငှါးဖို့ အခက်အခဲ ရှိတယ်၊ အဆောက်အအုံကလဲ ပြီးစီးနေတယ်ဆို ဌါနကို လိပ်မူပြီးလျှောက်ထားရင် နေထိုင်ခွင့်ပြုသွားမယ်လို့ ပြောပါတယ်။ 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဘီစီစီ မကျသေးဘဲ နေထိုင်ရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၁ (င) ပြဋ္ဌာန်းချက်အရ စိစစ်အရေးယူသွားမယ်လို့ သည်လဆန်းက ထုတ်ပြန်ထားပါတယ်။ 

အဆောက်အအုံပြီးစီးကြောင်း ဘီစီစီ လက်မှတ်မရှိတဲ့ ကိုယ်ပိုင် အဆောက်အအုံ ကန်ထရိုက်တိုက်တွေကို သည်လ ၃၁ ရက် နေ့မတိုင်မီ ဘီစီစီ လက်မှတ်လျှောက်ဖို့ အသိပေးထားပါတယ်။ 

ဘီစီစီ လျှောက်ဖို့ မီးသတ်၊ ရေသန့်၊ အခွန်စတဲ့ ထောက်ခံချက်တွေပြည့်စုံရင် one stop service နဲ့ နေ့ချင်းပြီး ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

Source: The Modern

Facebook comments