ဆောက်လုပ်ရေးဝန်ကြီးဌာနကတည်ဆောက်ထားတဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်အိမ်ရာတွေဝယ်မယ့်သူတွေအတွက် ဂျပန်နိုင်ငံ JICA ရဲ့ ODA Two Step Loan ဂျပန်း ယန်း (၁၅)ဘီလျံထဲကနေ အတိုးနှုန်းသက်သာစွာ ငွေထုတ်ချေးမယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံ JICA ရဲ့ ODA Two Step Loan ဖြင့် ဂျပန်ချေးငွေ ယန်း (၁၅)ဘီလျံကို နှစ် (၄၀) ပြန်ဆပ်ကာလနဲ့ (၁၀)နှစ်တစ်ဖြတ် ချေးငွေပြန်ဆပ်ရမှာဖြစ်ပြီး ပထမ (၁၀)နှစ်ကို အတိုးနှုန်းပေးစရာမလိုဘဲ ဆပ်ရမှာဖြစ်ပါတယ်။ သည်ချေငွေဟာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို ထုတ်ချေးတာဖြစ်ပြီး သည်ကနေ တစ်ဆင့် မြန်မာ့လယ်ယာစီးပွားရေးဘဏ်ကို ရောက်မှာ ဖြစ်ပါတယ်။ သည်ဘဏ်ကနေမှတစ်ဆင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHIDB) ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန၊ မြေယာချေးငွေ၊ မြေနှင့် အိမ်ရာဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စောဥမ္မာချိုက ' ဌာနက ရောင်းတဲ့ တန်ဖိုးနည်း တန်ဖိုးသင့်တိုက်ခန်းတွေကို ဘယ်သူပဲဖြစ်ဖြစ် CHIDB ဘဏ်မှာ အိမ်ဝယ်ဖို့ ငွေစုထားတဲ့သူတွေထဲက ပထမဆုံးပေးရမယ့်ဟာက ငွေ ဘဏ်ထဲမှာပြနေတဲ့သူတွေကို အဓိက ချေးပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိချေးနေတဲ့ ချေးငွေရဲ့ အတိုးနှုန်းထက်နည်းသွားမှာဖြစ်တဲ့အတွက် ပိုပြီးဝယ်လို့အား တက်လာမယ်လို့ ထင်ပါတယ် ' လို့ ပြောပါတယ်။
ဘယ်သူပဲဖြစ်ဖြစ် CHIDB ဘဏ်မှာ အိမ်ဝယ်ဖို့ ငွေစုထားတဲ့သူတွေထဲက ပထမဆုံးပေးရမယ့်ဟာက ငွေ ဘဏ်ထဲမှာပြနေတဲ့သူတွေကို အဓိက ချေးပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိချေးနေတဲ့ ချေးငွေရဲ့ အတိုးနှုန်းထက်နည်းသွားမှာဖြစ်တဲ့အတွက် ပိုပြီးဝယ်လို့အား တက်လာမယ်လို့ ထင်ပါတယ် ' လို့ ပြောပါတယ်။ သူကဆက်ပြီး ' အတိုးနှုန်းက ဘာပဲပြောပြော သူတို့က ဒီဗဟိုဘဏ်ကနေပြီးတော့ (၈)ကျပ်ခွဲလို့ ပြောထားတယ်၊ အကြမ်းဖျင်းအားဖြင့် ပြောထားပြီးပြီ၊ ဒါပေမဲ့ ဒီပေါ်မှာ အတိုးအလျှော့ပေါ့၊ တိုးဖို့တော့ မရှိဘူးပေါ့လေ၊ ဒီအတိုင်းပဲ (၈)ကျပ်ခွလို့တော့ ODA Loan ရဲ့ ချေးငွေတွေအတိုင်း စိုက်ပျိုးရေးစရိတ်ချေးငွေလို (၈)ကျပ်ခွဲလို့တော့ သတ်မှတ်ထားတယ် ' လို့ ပြောပါတယ်။ သည်အတိုးနှုန်းသက်သာတဲ့ ချေးငွေကို လာမယ့် (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်မှာ စတင်ထုတ်ချေးပေးသွားဖို့ စီစဉ်ထားပြီး အပိုင်း(၃)ပိုင်းနဲ့ ချေးပေးသွားမှာ ဖြစ်ပါတယ်။
ပထမအပိုင်းကတော့ ဌာနကနေ ဆောက်လုပ်ထားပြီးတဲ့ အိမ်ရာတွေကို ရောင်းချနိုင်ရေး အတွက် အတိုးနှုန်းသက်တာတဲ့ ချေးငွေထုတ်ပေးခြင်းဖြစ်ပြီး ဒုတိယအပိုင်းကတော့ ဌာနကနေ အရည်အသွေးမြင့် အိမ်ရာတိုက်ခန်းတွေကို ထုတ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ တတိယအပိုင်းကတော့ ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းတွေကိုပါ နည်းပညာတွေထောက်ပံ့ပေးဖို့ ထည့်သွင်းစဉ်းစားတဲ့အပိုင်းဖြစ်တယ်လို့ သိရပါတယ်။ အရင်ကတော့ JICA အနေနဲ့ မြန်မာနိုင်ငံရဲ့ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် နည်းပညာပိုင်းလောက်သာ ကူညီပေးခဲ့တာဖြစ်ပြီး သည်နှစ်မှ ချေးငွေပိုင်းမှာ ထုတ်ချေးပေးလာတာဖြစ်တယ်လို့ သိရပါတယ်။ ' ဒါက တစ်ဖက်တစ်လမ်းအားဖြင့် ဆောက်လုပ်တဲ့ဘက်ကိုလဲ အကူအညီပေးရာရောက်တယ်၊ ဘာလို့လဲဆိုတော့ အိမ်တွေက ရှိနေတယ်၊ မရောင်းရရင် ဒီကပိုက်ဆံက ပြန်မဝင်လာဘူး၊ ပိုက်ဆံပြန်ဝင်လာမှ နောက်ထပ်ဆောက်ဖို့ ငွေကိုလည်ပတ်စေမယ် ' လို့ ဒေါ်စောဥမ္မာချိုက ပြောပါတယ်။
JICA နဲ့ မြန်မာအစိုးရကြား Loan Agreement ကိုတော့ သည်နှစ် နှစ်စပိုင်းလောက်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ချေးငွေလုပ်ငန်းစဉ်မှာပါဝင်ရမယ့် အသေးစိတ်အချက်ကိုတော့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ပွင့်လင်းမြင်သာစွာနဲ့ ပြည်သူအများသိရှိအောင် အသေးစိတ် ထုတ်ပြန်ကြေညာပေး မယ်လို့ သိရပါတယ်။
Source : The Kumudra
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments