ရန်ကုန်တိုင်းအစိုးရအစီ အစဉ်ဖြင့် ရောင်းချသည့် တန်ဖိုးနည်းအိမ်ရာ မဲပေါက်သော်လည်း လာရောက်မဆက်သွယ်သူ ၇၀ ကျော် ကျန်နေကြောင်း ပြည်သူ့ အိမ်ရာရောင်းချရေးကော်မတီဝင် ဦးညီညီက ပြောသည်။
‘‘သူတို့ကို ဆက်သွယ်ကြည့် မယ်။ သူတို့က ဒီအပေါ်မှာဝယ်ယူ ဖို့ ဆန္ဒမရှိတော့ရင် မဲမပေါက်ဘဲ ကျန်ခဲ့တဲ့သူတွေကို ပြန်လည်မဲဖောက်ပေးဖို့ ကော်မတီက ဆုံး ဖြတ်ထားတယ်’’ဟု ၎င်းကပြော သည်။
တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူ ခွင့်ရရှိသူ ၈၀၀ ကျော်၏ အမည် စာရင်းကို ဇူလိုင် ၁၀ ရက်က ထုတ်ပြန်ရာ သြဂုတ် ၂ ရက်အထိ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လာရောက်မဆက်သွယ်သူများ ကျန်ရှိနေသည်။ ၎င်းတို့ကိုကော် မတီက ရက်ပိုင်းအတွင်း ဆက်သွယ်စုံစမ်းစောင့်ကြည့်မည်ဖြစ် သည်။
‘‘မဆက်သွယ်ကြတာက သူတို့လိုချင်တာနဲ့ သူတို့ဖြစ်ချင်တာ လွဲသွားတာလည်း ရှိမယ်။ နောက် ပြီး အိမ်ခန်းတွေကို ပြန်ရောင်းလို့ မရတာကြောင့်လည်း ဖြစ်နိုင်ပါ တယ်’’ဟု ဒဂုံ(တောင်)မြို့နယ်တိုင်းလွှတ်တော်အမတ်လည်း ဖြစ်သူ ဦးညီညီက သုံးသပ်သည်။
ဝယ်ယူခွင့်ရရှိသူ ၈၆၄ ဦးကို ရွှေပေါက်ကံ၊ ရွှေလင်ဗန်း၊ ယုဇနနှင့် ကနောင်တန်ဖိုးနည်း အိမ် ရာတို့၌ နေထိုင်ရန် ဇူလိုင်က မဲဖောက်ပေးခဲ့သည်။
‘‘မဲပေါက်တာက ရွှေလင် ဗန်းစက်မှုဇုန်က တိုက်ခန်းမဲ ပေါက်ပါတယ်။
ကိုယ့်ဝင်ငွေနဲ့ အဆင်ပြေအောင် မှန်းထားတာ ကနောင်အိမ်ရာကိုမှန်းထားတာ ပါ။ မြေညီထပ်ရတော့ ၀မ်းသာ ပါတယ်။ ဒါပေမဲ့ ကျွန်မတို့လို လက်လုပ်လက်စား ဘ၀အတွက် က ငွေသွင်းဖို့ ခက်ခဲသွားတာပေါ့’’ဟု ရွှေလင်ဗန်းစက်မှုဇုန်တိုက်ခန်း မဲပေါက်ပြီး ငွေသွင်းရန် စောင့် ဆိုင်းနေသူ ဒေါ်လဲ့လဲ့ခိုင်က ပြော သည်။
တန်ဖိုးနည်း အိမ်ရာလျှောက်ထားသူ မိသားစုဝင်ငွေသည် တစ်လကျပ်သုံးသိန်းမှ ကျပ်ငါးသိန်း ကြားရှိရမည်ဖြစ်ပြီး တန်ဖိုးသင့် အိမ်ရာအတွက် ကျပ်ငါးသိန်းမှ ၁၂ သိန်းကြား ရှိရမည်ဖြစ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်သည်။
ဝယ်ယူလိုသူသည် ပထမအ ဆင့်ငွေသွင်းရာ၌ ကုမ္ပဏီဝန်ထမ်း ဖြစ်လျှင် တိုက်ခန်း၏ ၂၅ ရာခိုင် နှုန်း၊ အစိုးရ၀န်ထမ်းဖြစ်ပါက ၁၅ ရာခိုင်နှုန်းသွင်းရမည်ဟု ဆောက် လုပ်ရေးဝန်ကြီးဌာနက သတ်မှတ် ထားသည်။
လက်ရှိတွင် ကနောင်အိမ် ရာမှ ၆၉ ခန်းနှင့် ရွှေလင်ဗန်းအိမ် ရာမှ ၂၃ ခန်း ရောင်းချရန် ကျန်ရှိ နေပြီး အခြားမြေနေရာများ၌ တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ရန် ပြည်သူ့အိမ်ရာ ရောင်းချရေး ကော်မတီက စီစဉ်နေသည်။
Source : 7Daydaily
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments