ကမ်းခြေများ၌ ဟိုတယ်တည်ဆောက်ရာတွင် ၁၀ မီတာ(၃၂)ပေ အမြင့်အတွင်း နှစ်ထပ်သာ တည်ဆောက်ခွင့်ပြု ထားရာမှ ယခုနှစ်ဇူလိုင်ကစ၍ သတ်မှတ်အမြင့်ကို မကျော်စေဘဲ သုံးထပ်ထိ တိုးမြှင့်တည်ဆောက်ခွင့်ပေးကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြော သည်။
‘‘အရင်တုန်းကတော့ ဟိုတယ်ဆောက်တဲ့အခါမှာ နှစ်ထပ်ဆိုတော့ အခန်းအရေအတွက် နည်းတာပေါ့။ သုံးထပ်ဖြစ်သွား ရင်တော့ အခန်းအရေအတွက် ပို များလာတာပေါ့။ အဲဒီလို ဖြေ လျှော့ပေးလိုက်တဲ့အတွက် အခန်းများများ လုပ်ချင်တဲ့ လုပ်ငန်း ရှင်တွေလည်း လုပ်ခွင့်ရသွားတာပေါ့။ အမြင့်ကတော့ ဒီ ၁၀ မီတာ အမြင့်ပဲ တစ်ထပ် ပိုဆောက်ခွင့် ရသွားတာပါ’’ ဟု ဦးမြင့်ထွေးက ပြောသည်။
ကမ်းခြေများတွင် ဟိုတယ် အထပ်မြင့်ဆောက်လုပ်ခွင့်နှင့် ပတ်သက်၍ အမြင့် ၁၀ မီတာဖြင့် နှစ်ထပ်သာဆောက်လုပ်ရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ၂၀၁၅ ဖေဖော်ဝါရီကစ၍ တရားဝင်စာ ထုတ်ကာ ကန့်သတ်ခဲ့ပြီး ယခု သုံးထပ်အထိ ဆောက်လုပ်ခွင့် ပေးရန် ပြန်လည်ဖြေလျှော့ပေး ခြင်းဖြစ်သည်။
‘‘၂၀၁၅ မတိုင်ခင် အရင်က တော့ ဟိုတယ်တချို့က သုံးထပ် ဆောက်ခဲ့တာတွေ ရှိပါတယ်’’ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ချောင်းသာ ဇုန်) တွဲဖက်အထွေထွေအတွင်း ရေးမှူး ဦးမင်းကျော်ဦးက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာ ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ ငွေဆောင်ကမ်းခြေတွင် ဟိုတယ် ၃၁ လုံး၊ ချောင်းသာ ကမ်းခြေတွင် ၂၉ လုံးနှင့် ငပလီတွင် အလုံး ၄၀ ရှိသည်။
‘‘တစ်ထပ်တိုးဆောက်ခွင့်ရ လို့ ဟိုတယ်အခန်းတွေကို တိုးချဲ့ ပြီး ဆောက်ခွင့်ရှိလာတာပေါ့။ ဧည့်သည်တွေပိုပြီး လက်ခံလို့ရ လာတဲ့အပြင် ဈေးနှုန်းတည်ငြိမ်
မှုကို ဖြစ်စေတာပေါ့။ ဧည့်သည် အရမ်းများလို့ ဈေးတက်သွားတာ မျိုးတွေ မဖြစ်စေတော့ဘူးပေါ့’’ ဟု ဦးမင်းကျော်ဦးက ပြောသည်။
Source : 7Daydaily
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments