မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် မြေအုတ်လုပ်ငန်းများ ရပ်ဆိုင်းထားကြသည့် အတွက် ဘိလပ်မြေအုတ်များ အဝယ်လိုက်ကာ ရောင်းအားကောင်းနေကြောင်း ဘိလပ်မြေအုတ် ထုတ်လုပ်ရောင်းချနေသူများထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း အုတ်၊ သဲ၊ ကျောက်လုပ်ငန်းများ လိုင်စင်သက်တမ်းတိုး ကာလတွင် လုပ်ငန်းများရပ်ဆိုင်းရန်နှင့် လုပ်ငန်း ဆောင်ရွက်မည့်လုပ်ကွက်များကို သက်ဆိုင်ရာ က စုံစမ်းစစ်ဆေးပြီးမှသာ လုပ်ငန်းလိုင်စင် ချထားပေးမည်ဖြစ်ရာ လုပ်ငန်းလိုင်စင်ရရှိ မှသာ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိမည်ဖြစ်၍ ရပ်ဆိုင်းထားရကြောင်း သိရသည်။
"အုတ်၊ သဲ၊ ကျောက်လုပ်ငန်းတွေ ရပ်ဆိုင်း ထားလို့ အုတ်၊ သဲ၊ ကျောက်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်။ မြေအုတ်တစ်ချပ် ကို ကျပ် ၇၀ လောက်ကနေ အခု မြေအုတ်တစ်ချပ် ကို ကျပ် ၁၀ဝ ဝန်းကျင်အထိ ဈေးမြင့်ခဲ့တယ်။ လိုသလောက်ဝယ်လို့လည်း မရဖြစ်နေတယ်။အုတ်ဖုတ်ခွင့် မရကြဘူးလေ။ အဲဒီတော့ အဆောက်အအုံဆောက်လိုသူတွေက ဘိလပ် မြေအုတ်တွေ အဝယ်လိုက်လာတာပေါ့။ အုတ်ရိုက်ဖို့ သဲကြမ်းကလည်း ဈေးကောင်းလာ တယ်။ အရင်က ဘိလပ်မြေအုတ်တစ်ချပ်ကို ၅၅ ကျပ်လောက်ကနေ အခု အုတ်တစ်ချပ် ကျပ် ၈၀ အထိ ရောင်းချရတယ်" ဟု မင်းဘူး မြို့ အမှတ် (၁) ရပ်ကွက်နေ ဘိလပ်မြေအုတ် ထုတ်လုပ်ရောင်းချသူ ကိုစိုးနိုင်က ပြောဆိုသည်။
"နေ့စဉ်အုတ်အမှာရှိနေတော့ အလုပ် သမား ခြောက်ယောက်လောက်ငှားပြီး ရိုက် ခိုင်းနေရတယ်။ အရင်က ဘိလပ်မြေအုတ် အပြင် ကျောက်တိုင်၊ ကျောက်စည်နဲ့ ပန်းအိုး တွေပါ ပြုလုပ်ရောင်းချပေမယ့် အခုရက်ပိုင်း ဘိလပ်မြေအုတ်ကိုပဲ အဓိကရိုက်နေရပါတယ်။ တစ်ရက်ကို အုတ် ၅၀ဝ၀၊ ၆၀ဝ၀ လောက် အထိရအောင် လုပ်ကိုင်နေပါတယ်" ဟု ၎င်းက ပြောဆိုသည်။
+++ လက်မလည် +++
အဆောက်အအုံ ဆောက်လုပ်နေသူတို့က မြေအုတ်မှာ လိုသလောက်မရရှိ၍ ဘိလပ်မြေ အုတ်ကို အဓိကမှာယူနေကြရသဖြင့် ဘိလပ်မြေ အုတ်ထုတ်လုပ်သူများ လက်မလည်အောင် လုပ်ကိုင်ရောင်းချနေရကြောင်း သိရသည်။
Source : The Myanmar Times
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments