မကွေးမြို့နှင့် (၉) မိုင် ခန့်အကွာ ဂွေးတောက်စမ်းကျေး ရွာအနီးတွင် အီတလီနိုင်ငံအခြေ စိုက် INGO အဖွဲ့က တည်ဆောက်နေသည့် နှမ်းဆီမွှေးစက်ရုံသည် ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ယင်းစက်ရုံမန်နေဂျာ ဦးအောင်ချမ်းသာက
ပြောသည်။
Progetto Continenti (PC) အဖွဲ့က နှမ်းဆီမွှေးစက်ရုံကို ၂၀၁၈ မတ်လက စတင်တည်ဆောက်ပြီး အောက်တိုဘာတွင် လည်ပတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်း က ပြောသည်။
ယင်းစက်ရုံ လည်ပတ်ချိန် တွင် တစ်ရက်လျှင် နှမ်းကုန်ကြမ်း တင်း ၂၀၀ ကျော်ကို နှမ်းဆီမွှေး အဖြစ် ကြိတ်ခွဲနိုင်ပြီး ပြည်တွင်း၊ ပြည်ပ စားသုံးသူများ ကျန်းမာ ရေးအန္တရာယ်ကင်းရှင်းစေသည့် နိုင်ငံတကာစံချိန်စံနှုန်းနှင့် ကိုက် ညီသော နှမ်းဆီမွှေးများ ထုတ် လုပ်မည်ဖြစ်ကြောင်း ဦးအောင် ချမ်းသာက ပြောသည်။
ယင်းအဖွဲ့သည် မကွေးမြို့ နယ်ရှိ ကျေးရွာ ၁၇ ရွာ၊ မင်းဘူး မြို့နယ်ရှိ ကျေးရွာ ၁၃ ရွာမှ တစ်ရွာလျှင် တောင်သူ ၂၀ ဖြင့် အဖွဲ့ဝင် ၆၀၀ ပါဝင်သည့် နှမ်းစိုက်တောင်သူများ အသင်းကို ဖွဲ့စည်းပေးခဲ့ပြီး ယင်းတောင်သူများအတွက် နှမ်းဆီမွှေးစက်ရုံတည်ဆောက်ပေးနေသည်။
‘တောင်သူတွေရဲ့ ထွက်ရှိ လာတဲ့ နှမ်းနက်တွေကို နိုင်ငံတကာဈေးကွက်မှာရှိရမယ့် လိုအပ် တဲ့အရည်အသွေးပြည့်မီအောင် တောင်သူတွေဘက်က ဆောင် ရွက်ပေးပြီးတော့ နှမ်းနက်ဆီမွှေး ကို ဖြန့်ချိနိုင်အောင် ရည်မှန်းထား ပါတယ်’’ဟု ဦးအောင်ချမ်းသာက ဆိုသည်။
နိုင်ငံတကာ အဆင့်မီ နှမ်း စိုက်ပျိုးသီးနှံများထုတ်လုပ်နိုင် ရေး PC အဖွဲ့က စိုက်ပျိုးနည်းပညာများ သင်ကြားပေးသကဲ့သို့ နှမ်းစိုက်တောင်သူအသင်းဝင် တောင်သူများကို စိုက်ပျိုးစရိတ်တစ်ဧကလျှင် ကျပ် ၁၄၀,၀၀၀ နှုန်းဖြင့် ငွေချေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တောင်သူများ၏ အခက်အခဲများတွင် အရေးကြီးသည့် ကဏ္ဍသည် ဈေးကွက်ဖြစ်ပြီး သီးနှံများကိုတစ်ဆင့် ဈေးကွက်ဖြစ်သည့် ကုန်သည်ပွဲစားများ၏ သတ်မှတ်ဈေးနှုန်းနှင့်သာ နှစ်ပေါင်းများစွာ ရောင်းချခဲ့ရကြောင်း တောင်သူများက ဆိုသည်။
သပြေစမ်းကျေးရွာမှ တောင်သူ ဦးသာထူးက စက်ရုံ တည် ဆောက်ခြင်းနှင့် ပတ်သက်၍ ‘‘အရင်ခေတ်တွေနဲ့စာရင် ဒါက တောင်သူတွေရဲ့ မျှော်လင့်ချက် ပါ။ ဈေးကွက်မှာလည်း အရင်လို တစ်ဆင့်ပွဲစားတွေဆီကို ရောင်း စရာမလိုဘဲ တိုက်ရိုက်ကိုယ့်အ သင်းအဖွဲ့ပိုင်တဲ့ စက်ရုံမှာ ရောင်း ချလို့ရမယ်။ ထွက်ရှိလာတဲ့ အကျိုးကျေးဇူးကိုလည်း မျှဝေခံစားခွင့်ရ လာမယ်’’ဟု ပြောသည်။
Source : 7Daydaily
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments