လယ်မြေနဲ့ကျူးကျော်မြေတွေကို မြေခွန်ပြေစာအတုတွေနဲ့ ပိုင်ဆိုင်မှု အထောက်အထားပြပြီး ရောင်းချတာတွေရှိနေတာကြောင့် တန်ဖိုးနည်းမြေကွက်ဝယ်ယူမယ့်သူတွေအနေနဲ့ ရောင်းမှားဝယ်မှား မဖြစ်ရလေအောင် သတိထားသင့်ပါတယ်။
လယ်မြေနဲ့ အခြားမြေယာပိုင်ဆိုင်မှု အထောက်အထားပြ မြေခွန်
ပြေစာအတုတွေနဲ့ ရောင်းချတာတွေ ရှိနေတာပါ။ မြေခွန်ပြေစာဆိုတာဟာ လုပ်ငန်းလုပ်ကိုင်ချိန်က သီးနှံအခွန်ဆောင်ထားတဲ့ စာရွက်ကို ပြောတာပါ။ ပြေစာမှာ လယ်မြေအမျိုးအစားတွေကို ခွဲခြားပေးထားတယ်။ သိမ်းဆည်းခံရတဲ့သူတွေအတွက်တော့ အဓိကကျတဲ့ပိုင်ဆိုင်မှု သက်သေအထောက်အထားပါပဲ။ ဒါပေမဲ့တချို့က အတုလုပ်ပြီး ရောင်းနေကြတာတွေ ရှိတယ်။ ဒါတွေကို စစ်ဆေးပြီးမှ ဝယ်သင့်တယ်။
ဥပမာ လန(၃၉)ဆို စိုက်ပျိုးမြေလုပ်ဖို့ ချထားပေးတာ၊ တချို့မြေတွေက ဆီဆိုင်အတွက်၊ စက်မှုလုပ်ငန်းအတွက်စတဲ့ သူ့ကန့်သတ်ချက်နဲ့သူ ချပေးထားတာတွေ ရှိတယ်။ စက်မှုလုပ်ငန်းလုပ်ဖို့ ချထားပေးတဲ့ ဂရန်တစ်ခုရဲ့တန်ဖိုးက (၅၀)ရာခိုင်နှုန်းလောက် ကွာတယ်။ ဒါတွေကို သိထားမှ ရောင်းမှားဝယ်မှား
မဖြစ်မှာ ဖြစ်တယ်။
Source : The Kumudra
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments