ရန်ကုန်တိုင်း ဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ မြေ ကွက်များကို တစ်နှစ်စာချုပ်ဖြင့် သာငှားရမ်းပြီး ငှားရမ်းထားသည့် မြေကွက်အချို့တွင် ဖွံ့ဖြိုးရေးလုပ် ငန်းများဆောင်ရွက်ရန် အစီအစဉ် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာ ကျော်က ပြောသည်။
ဇွန် ၁၈ ရက် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်တွင် ဆိပ်ကြီးခနောင် တိုမဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ ""မ.ထ.သမှYRTA သို့လွှဲပြောင်း ယူရာတွင် မည်သည့်နေရာများ၌မြေကွက်အလွတ် မည်မျှရှိသည်နှင့် ယခုအချိန်တွင် ငှားရမ်းခွင့်သက် တမ်းကုန်ဆုံးနေသောစာချုပ်များ ရှိ မရှိ မေးခွန်းဖြေကြားရာ၌ အထက် ပါအတိုင်း ထည့်သွင်းပြောကြားသည်။
မထသက YRTA သို့ကားကဲ့ သို့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့်တကွ ငွေသားများ၊ ဘဏ်စာ ရင်းများအားလုံးကို စနစ်တကျစာ ရင်းအင်းဖြင့်လက်ခံရယူခဲ့ပြီး ထိုသို့ လွှဲပြောင်းရယူရာတွင် မြေကွက်အ လွတ်မရှိဘဲ အသုံးပြုဆဲမြေကွက်များ အနေဖြင့် ယာယီအသုံးပြုခွင့်လိုင်စင် ရရှိသောမြေကွက် ၁၃ နေရာနှင့် ဂရန်အမည်ပေါက် ခုနစ်နေရာရှိ ကြောင်း၊ တစ်နှစ်ချင်း စာချုပ်ချုပ် ဆိုငှားရမ်းထားခြင်းဖြစ်ကြောင်း ဝန်ကြီးဒေါ်နီလာကျော်ကပြောသည်။
""ယာယီအသုံးပြုခွင့်လိုင်စင်ရ ရှိထားတဲ့ မြေကွက်၁၃နေရာနဲ့တကွ ဂရန်ရှိမြေကွက်များထဲမှာ တောင် ဥက္ကလာမှာရှိတဲ့ အမြင့်မြတ်ဆုံးအင်အားနဲ့ YUPT ကုမ္ပဏီမှ ငှားရမ်းထား တဲ့မြေကွက်တွေရယ်၊ တာမွေက YRTA ရုံးချုပ်နဲ့ စူပါဝမ်းကုမ္ပဏီတည် ရှိနေတဲ့မြေကွက်များရယ်၊ ကြည့်မြင် တိုင်ကမြေကွက် စတဲ့မြေကွက်တွေ ကို Develop လုပ်ဖို့အစီအစဉ်ရှိတဲ့ အတွက် စာချုပ်ကိုတစ်နှစ်ချင်းပဲ ချုပ် ပြီးတော့ စာချုပ်တွေကိုပြန်သုံးသပ် လျက်ရှိပါတယ်။ လက်ရှိ ရှိနေတဲ့သူ တွေနဲ့လည်း ညှိနှိုင်းလျက်ရှိပါတယ်"" ဟု၎င်းကပြောသည်။
ဖွံ့ဖြိုးရေးလုပ်ရန်အစီအစဉ်ရှိ သော တာမွေရှိငါးထပ်အဆောက်အအုံကို စူပါဝမ်းကုမ္ပဏီသို့တစ်လ လျှင် ကျပ်၃၂၅သိန်းဖြင့် တစ်နှစ်ငှား ရမ်းထားပြီး ကြည့်မြင်တိုင်ရှိမြေကွက် ကို ဇောတိကသင်္ကန်းတိုက်ကိုငှားရမ်းထားရာ ငှားရမ်းခကိုပြန်လည် ညှိနှိုင်းနေကြောင်းသိရသည်။
တောင်ဥက္ကလာမြို့နယ်အတွင်း ရှိ ၁ ဒသမ ၅၆၆ ဧကကို စည်ပင်မှ ယာယီမြေအသုံးပြုခွင့်လိုင်စင် တစ်နှစ် ရရှိထားပြီး အမြင့်မြတ်ဆုံးအင်အား ခရီးသည်သယ်ယူပို့ဆောင်ရေးကု မ္ပဏီက ယာဉ်ရပ်ဝင်းအဖြစ်အသုံး ပြုနေကြောင်း၊ တောင်ဥက္ကလာပ မြို့နယ်ရှိ၁ဒသမ၂၆၅ဧကကို စည် ပင်မှ တစ်နှစ်ယာယီမြေအသုံးပြုခွင့် လိုင်စင်ရရှိထားပြီး နှစ်ထပ်တိုက်တစ် လုံးနှင့် တစ်ထပ်တိုက်တစ်လုံးပါရှိ ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးဒေါ်နီ လာကျော်က"" အချို့သောကားဝင်း
တွေအားလုံးကို YBS မှာပါဝင်ဆောင် ရွက်နေတဲ့ယာဉ်လိုင်းတွေက ကား တွေဟာ ရပ်နားစရာမရှိဘဲ လမ်းတွေ ပေါ်မှာ ညအိပ်ရပ်နားရတဲ့အတွက် ယာဉ်ရပ်ဝင်းတွေအဖြစ် ပြန်လည် အသုံးပြုဖို့ စာချုပ်ကိုသက်တမ်းတိုး ပေးခြင်းမရှိဘဲနဲ့ ယာဉ်ရပ်ဝင်းတွေဆောင်ရွက်ဖို့အတွက် စီစဉ်ဆောင် ရွက်နေခြင်းရှိပါတယ်""ဟုပြောသည်။
ယာယီအသုံးပြုခွင့်လိုင်စင်ရ ရှိထားသည့်မြေကွက် ၁၃နေရာသည် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့ သစ်မြောက်ပိုင်း၊မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပနှင့် သာကေတ မြို့နယ်တို့တွင်တည်ရှိကြောင်း သိရ သည်။
ယင်းမြေကွက် ၁၃နေရာအ နက် ရွှေပြည်သာနှင့်လှိုင်သာယာ ရှိမြေကွက်နှစ်ကွက်မှအပ ကျန်မြေ ကွက်၁၁နေရာကို မထသမှ YRTA သို့ အမည်ပြောင်းခြင်း၊ သက်တမ်း တိုးခြင်းနှင့် မထသမှYRTAအမည် သို့ အမည်ပေါက်ပြုလုပ်ခြင်းတို့ကို စည်ပင်နှင့်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
Source : Democracytoday
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments