လက်ရှိအချိန်မှာ ရခိုင်ကိစ္စလိုမျိုး အခြေအနေတွေ ပေါ်ပေါက်ထားသော်ငြားလည်း ဂျပန်ကုမ္ပဏီတွေအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ၎င်းတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို တက်တက်ကြွကြွနဲ့ ဆက်လက် လုပ်ဆောင်နေလျက်ရှိကြောင်း သိရပါတယ်။
ရခိုင်ကိစ္စကြောင့် ဥရောပနဲ့ အမေရိကန်တို့ဘက်က ရှောင်ခွာမှုတွေ ရှိနေသော်ငြားလည်း ဂျပန်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကတော့ ဆက်လက်ကြီးထွားနေလျက်ရှိတာဖြစ်ပါတယ်။
မတ်လက ကုန်ဆုံးခဲ့တဲ့ ဘဏ္ဍာနှစ်မှာဆိုရင် မြန်မာနိုင်ငံဆီကို ဂျပန်စီးပွားရေးလုပ်ငန်းတွေဆီကနေလာတဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ စံချိန်တင် ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။
ယင်း ရင်းနှီးမြှုပ်နှံမှုတွေထဲမှာတော့ နိုင်ငံရပ်ခြား လုပ်ငန်းခွဲတွေကနေတဆင့် ၀င်ရောက်မှုတွေပါ ပါဝင်နေတာဖြစ်ပါတယ်။ ယင်းအတွက်ကြောင့် အဆိုပါဘဏ္ဍာနှစ်မှာတော့ဂျပန်ကတော့ မြန်မာနိုင်ငံမှာ အကြီးဆုံးရင်းနှီးမြှုပ်နှံသူတွေထဲက တစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ယင်းနိုင်ငံရဲ့ ယခင် စံချိန်မှတ်တမ်းကတော့ ၂၀၁၄ ဘဏ္ဍာနှစ်က ဒေါ်လာ ၁ ဒသမ ၀၂ ဘီလီယံ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံဆီ ၀င်ရောက်နေတဲ့ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအနက်က ထက်ဝက်သာသာလောက်က အိမ်ခြံမြေအဆောက်အအုံ လုပ်ငန်းထဲကို ၀င်ရောက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဥပမာအနေနဲ့ Fujita နဲ့ Tokyo Tatemono တို့က ပြည်တွင်းကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး ရွှေတိဂုံဘုရားအနီး စတုရန်းမီတာ၁၆,၀၀၀ ပေါ်မှာ စီးပွားဖြစ် ဆောက်လုပ်ရေး စီမံကိန်းလုပ်ငန်းတစ်ခုကို အတူလက်တွဲဆောင်ရွက်နေလျက်ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။
Source : SFJ Strategy First Journal
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments