မန္တလေး အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်မှာ ဝယ်ရောင်းဈေးကစား လျော့ကျလာပြီးနောက် မြေကွက်အလွတ်ထက် အသင့်ဆောက်လုပ်ပြီး အိမ်ပါမြေကွက်တွေ အရောင်းအဝယ်အရင်ကထက် သွက်လာတယ်လို့ အကျိုးဆောင်တစ်ချို့က ဆိုပါတယ်။
' ပုံစံပြောင်းပြီး ရောင်းလာတာဆိုတော့ အရင်တုန်းက ဝယ်ရောင်းလုပ်တဲ့ဈေးကွက်၊ အခုကတော့ နေဖို့အတွက် နေစရာ အိမ်ပါတဲ့ဟာကိုလဲ ရှာဖွေဝယ်ယူလာတဲ့ သဘောပေါ့၊ အရောင်းအဝယ်က ဒီရက်ပိုင်း အလုပ်ဖြစ်ပါတယ်၊ လိုအပ်ချက်မှာ (၁)ထပ်တိုက်ကြိုက်တာလဲရှိတယ်၊ (၂)ထပ်တိုက်လိုတာလဲရှိတယ်၊ (၂)ထပ်တိုက်ဆိုရင်တော့ ဈေးများသွားမှာ' လို့ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက ပြောပါတယ်။
ကျပ်သိန်း (၂၀၀၀)ဝန်းကျင်တန် အိမ်ပါမြေကွက်တွေ အရောင်းအဝယ်အသွက်ဆုံးဖြစ်ပြီး သိန်း (၅၀၀၀)ခန့်အထိ အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။
အိမ်ခြံမြေလုပ်ငန်းပေါ်မှာ လုပ်ငန်းကြီးသမားတွေ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှု လျော့ကျသွားခဲ့ပြီးနောက်ပိုင်း မြို့ရဲ့အိမ်ခြံမြေဈေးကွက်ဟာ အရောင်းအဝယ်မရှိသလောက် ကျဆင်းသွားခဲ့တယ်။
စီမံကိန်း ပတ်ဝန်းကျင်က မြေယာတွေ၊ မန္တလေးမြို့ပြင်နဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေဆီက မြေယာအချို့လောက်ပဲ ကျဈေးနဲ့ အရောင်းအဝယ်အနည်းငယ် ဖြစ်တယ်။
အိမ်ခြံမြေ အရောင်းအဝယ်က ဈေးကစာဖို့ ဝယ်တဲ့ပုံစံမျိုးမဟုတ်ဘဲ အမှန်တကယ် နေထိုင်အသုံးချဖို့အတွက် ဝယ်တဲ့ဈေးကွက်ကို ပြောင်းလဲလာတယ်။ ဒီအခြေအနေပေါ်မူတည်ပြီး အခုလို အသင့်ဆောက်ပြီး အိမ်ပါမြေကွက်အချို့ အရောင်းအဝယ်သွက်တာလို့ အကျိုးဆောင်အချို့က ဆိုပါတယ်။
ဝါရင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင် ဦးမျိုးအောင်က 'ဆောက်ပြီးသားကတော့ အချိန်မပေးနိုင်တဲ့သူ ခေါင်းစားမခံချင်တဲ့သူကတော့ ဆောက်ပြီးတာဝယ်တာ၊ ကိုယ်စိတ်တိုင်းကျ ဆောက်ချင်တဲ့သူကျတော့ မြေကွက်အလွတ်ဝယ်တာ' လို့ ပြောပါတယ်။
Source : The Kumudra
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments