လူဦးရေများပြားလာ သဖြင့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ တွင် မြို့သစ်စီမံကိန်း တစ်ခုကို ပြည်နယ် အစိုးရအဖွဲ့က အ ကောင်အထည်ဖော် ဆောင်ရွက် နေသည်။အဆိုပါစီမံကိန်းကို ရမ်းဗြဲ မြို့မအားကစားကွင်းနှင့် ဆက်စပ် သည့် လယ်မြေများတွင် အကောင် အထည်ဖော်နေခြင်းဖြစ်ပြီး စီမံ ကိန်းလုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၇ စက်တင်ဘာခန့်က စတင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။
‘‘မြို့သစ်စီမံကိန်းဆိုတာ ထက် ကျပ်တည်းတဲ့ လူမှုဖွံ့ဖြိုးရေးအဆောက်အအုံတွေအတွက် နေ ရာတိုးချဲ့ခြင်းဖြစ်ပါတယ်။ ဆေး ရုံ၊ ဘိုးဘွားရိပ်သာတွေကို စတင် အကောင်အထည် ဖော်ပါမယ်၊ မြို့ရှောင်လမ်းကို စတင်ဖောက် လုပ်နေပါပြီ’’ ဟု ဦးကျော်လွင်က ဆိုသည်။
အဆိုပါမြို့သစ်စီမံကိန်းအ ကောင်အထည်ဖော် ပြီးစီးမည့် ကာလကို မခန့်မှန်းနိုင်သေးဘဲ တဖြည်းဖြည်း ဆောင်ရွက်မည်ဟု ၎င်းကဆိုသည်။
လုပ်ငန်းများဆောင်ရွက်ရန် လယ်မြေဧကခြောက်ဆယ်ကျော် ကို တစ်ဧကလျှင် ကျပ် ၂၅ သိန်း ဖြင့် တောင်သူများထံက ဝယ်ယူ ပြီး သက်ဆိုင်ရာ အဆောက်အ အုံများ တည်ဆောက်၍ ပိုလျှံ မြေများကို လယ်မြေရောင်းချသူများအား ဦးစားပေးပြန်လည် ရောင်းချမည်ဟု ဦးကျော်လွင် ကပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင် ရမ်းဗြဲ မြို့သည် အခြားမြို့နယ်များထက် ဖွံ့ဖြိုးမှုနိမ့်ကျနေသော မြို့နယ် ဖြစ်ပြီး ဒေသခံများသည် လယ် ယာနှင့် ရေလုပ်ငန်းကို အဓိက လုပ် ကိုင်သည်။
Source ; 7 Day
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments