ခိုင်ပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် အထူးစီးပွားရေးဇုန်များတည်ထောင်ရာတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာအကူအညီများပေးရန် ရခိုင်ပြည်နယ်လူသားချင်း စာနာထောက်ထားမှု ကူညီထောက်ပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)က ဖိတ်ခေါ်ထားကြောင်း သိရသည်။
လက်ရှိတွင်ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်နေရာချထားရေးကိစ္စများ၊ လူသားချင်း စာနာထောက်ထားမှု ကိစ္စရပ်များလုပ် ဆောင်နေသော်လည်း နောက်ပိုင်းတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ပြီး ယင်းအတွက်အတွေ့အကြုံရှိပြီး လုပ်ငန်းရှင်များ၏ အကူအညီများ လိုအပ်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းတွင် စီးပွားရေးဇုန်များ ပေါ်ပေါက်လာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပါက ဖြစ်ပေါ်နေသည့် ပဋိပက္ခပြဿနာများလည်းပြေလည်သွားနိုင်ကြောင်း၊ အထူးစီးပွားရေးဇုန်များအတွက် အကူအညီများပေးကြရန် ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း UEHRD ၏ ညှိနှိုင်း ရေးမှူးချုပ်ဒေါက်တာအောင်ထွန်း သက်ကပြောသည်။
ရခိုင်ပြည်နယ်အတွင်း ကျောက် ဖြူအထူး စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားခြင်းရှိပြီး မောင်တောမြို့တွင် အကောင်အထည်ဖော်ရန်လုပ်ဆောင်နေသည့် မောင်တောအထူးစီးပွားရေးဇုန်အတွက်လည်း နည်းပညာပိုင်းများ အကူအညီပေးသွားမည်ဖြစ်ကြောင်း မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ရှိ Holding Public Limited ၏ ဥက္ကဋ္ဌဦးဝင်းအောင်က ပြောသည်။
လက်ရှိတွင် ကျောက်ဖြူအထူး စီးပွားရေးဇုန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ပိုမိုအားကောင်းလာရန်အတွက် မောင်တောအထူးစီးပွား ရေးဇုန်ကို UEHRD အဖွဲ့နှင့် မောင် တောကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းပြီးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Source : Yangon Media Group
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments