မန္တလေးတိုင်းအတွင်းရှိ မြို့နယ်ရှစ်ခု၌ အစိုးရဝန်ထမ်းအိမ်ရာ ၁၈ ခု
တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ဝန်ထမ်းအိမ်ရာများကို ၂၀၁၈ ဘဏ္ဍာနှစ်၏ ပထမခြောက်လဖြစ်သော ဧပြီလမှ အောက်တိုဘာလအတွင်း တည်ဆောက်မည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းတွင် အစိုးရဝန်ထမ်း ၅၆,၁၀၀ ကျော်ရှိသော်လည်း လက်ရှိအချိန်၌ လူတစ်ရာလျှင် လေးဦးသာ နေရာစီစဉ်ပေးနိုင်သေးသောကြောင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ နေထိုင်နိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။
ယင်းဝန်ထမ်းအိမ်ရာများကို ညောင်ဦး၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ မိုးကုတ်၊ ရမည်းသင်း၊ မလှိုင်၊ သာစည်နှင့် မိတ္ထီလာမြို့နယ်တို့တွင် တည်ဆောက်မည်ဖြစ်ပြီး အဆိုပါစီမံကိန်းအတွက် ကျပ် ၄ ဒသမ ၅ ဘီလီယံ အသုံးပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
အဆောက်အအုံ ၁၈ လုံးတွင် အခန်း ၂၄၈ ခန်းပါဝင်မည်ဖြစ်ပြီး အိမ်ရာတည်ဆောက်နိုင်ရန် မန္တလေးတိုင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါများ စတင်ခေါ်ယူမည် ဖြစ်သည်။
အဆိုပါဦးစီးဌာနအနေနှင့် မန္တလေးတိုင်းအတွင်းရှိ အစိုးရဝန်ထမ်း ၂၇၈၀ ကျော်အတွက် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပေးခဲ့ပြီးဖြစ်သည်။
Source : The Voiceအခွင့်အရေးတွေ၊ မြေရှင်အခွင့်အရေးရရှိနိုင်သူတွေ၊ ဘာသာရေးအတွက်ရရှိတဲ့ ဂရန်တွေမှာ အခွန်ကင်းလွတ်ခွင့်ရရှိ...
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments