ရန်ကုန်တိုင်းရှိ ဟိုတယ်များ အွန်လိုင်းကတစ်ဆင့် ဧည့်စာရင်းတိုင်ကြားသည့် စနစ်ကို စတင်စမ်းသပ်နေကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ဒုဥက္ကဋ္ဌဦးခင်မောင်ပြုံးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့နှင့် ရန်ကုန်ဟိုတယ်ဇုန်တို့ ပူးပေါင်း၍ အဆိုပါစနစ်ကို ယခု နှစ် နိုဝင်ဘာက စတင်စမ်းသပ်ခဲ့ ပြီး လက်ရှိတွင် ဟိုတယ်အလုံး ၁၃၀ ခန့် စမ်းသပ်အသုံးပြုနေပြီဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းဟိုတယ် ၃၀၀ ခန့်ရှိသည့် အနက် ၂၀၀ ခန့်ကို အွန်လိုင်းက တစ်ဆင့် ဧည့်စာရင်းတိုင်ကြားရန် သင်တန်းပေးခဲ့သည်။
‘‘ဟိုတယ်အသေးလေးတွေ ကတော့ ဒီစနစ်ကို သုံးနိုင်ဦးမယ် မထင်ဘူး။ ဟိုတယ် ၁၅၀လောက်ပဲ သုံးနိုင်မယ်မှန်းထားတယ်’’ဟု ဦးခင်မောင်ပြုံးက ပြောသည်။
ရန်ကုန်ရှိ ဟိုတယ်များသည် တစ်ရက်လျှင် နေ့စဉ် ဧည့်စာရင်း ရှစ်စောင်မှ ၁၅ စောင်အထိ တိုင်ကြားရပြီး အွန်လိုင်းစနစ်ဆောင်ရွက်၍ စာရွက်ဖိုးနှင့် အခြားကုန်ကျစရိတ်များ သက်သာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
‘‘ကွန်ပျူတာကနေ ခလုတ် တစ်ချက်နှိပ်လိုက်တာနဲ့ တစ်ခါ တည်း လုပ်ဆောင်ပြီးသားဖြစ် သွားမှာပါ။ ဝန်ကြီးဌာနဘက်က လည်း ဟိုတယ်တွေရဲ့ နေ့စဉ် ဧည့်စာရင်းတိုင်ကြားမှုတွေကို အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ် ပါတယ်’’ဟု ၎င်းကဆိုသည်။
အဆိုပါစနစ်ကို ဝက်ဘ်ဆိုက်အခြေခံ၍ တည်ဆောက်ထားပြီး ဧည့်စာရင်းတိုင်လိုသည့် ဟိုတယ် သည် တိုင်းဒေသကြီးအစိုးရက ပေးအပ်ထားသည့် User Name နှင့် Password ကိုအသုံးပြု၍ ဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များ ဖြည့်သွင်းကာဧည့်စာရင်းတိုင်ရမည်။
ထိုစနစ်ကို စမ်းသပ်ဆဲ ကာလဖြစ်၍ ဟိုတယ်များသည် ဧည့်စာရင်းကို အွန်လိုင်းသာမက ပုံမှန်စာရွက်စာတမ်းများဖြင့် နှစ်မျိုးပူးတွဲ ဆောင်ရွက်နေရဆဲဖြစ်သည်။
Source : 7Daydaily
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments