09-261334475

အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင့်မယ့် ဆောက်လုပ်ဆဲကွန်ဒိုတိုက်ခန်းများ

ရန်ကုန်မြို့ရှိ ဆောက်လုပ်နေဆဲဖြစ်တဲ့ တိုက်ခန်း၊ ကွန်ဒိုတွေကို အရစ်ကျဖြင့် ၀ယ်ယူနိုင်ကြောင်း Myanmar Builders Guide ကသိရပါတယ်။

292 Classic Apartment

၎င်းပရောဂျက် အခန်းဈေးနှုန်းက ကျပ်သိန်း ၇၀၀ ဖြစ်ပြီး ပထမဦးဆုံးစာချုပ်ချုပ်ဆိုခြင်းမှာ ကျပ်သိန်း ၂၀၀ လက်ငင်းပေးချေပါက ၁၀ရာခိုင်နှုန်း လျှော့ပေးမှာဖြစ်ပြီး ကျန်ရှိငွေကို လ ၃၀ အရစ်ကျငွေပေးချေရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပေ၄၀×ပေ၆၀ ကျယ်ဝန်းတဲ့ မြေပေါ်မှာ 292 Classic Apartment ကို ဆောက်လုပ်နေတာဖြစ်ပြီး ၂၀၁၉ ခုနှစ်ဒီဇင်ဘာလမှာ ဆောက်လုပ်ပြီးစီးမယ်လို့ ခန့်မှန်းထားကြောင်းသိရပါတယ်။

အထပ်ပေါင်းရှစ်ထပ်ရှိမှာဖြစ်ပြီး တစ်လွှာကို နှစ်ခန်းပါဝင်ပါတယ်။ အခန်းအကျယ်အ၀န်းက ၁၇ပေ×၅၂ပေ ဖြစ်ကြောင်းသိရပါတ်ယ။ Penthouse တစ်ခန်းပါဝင်ပြီး အကျယ်အ၀န်းမှာ ၂၂ ပေ× ၂၆ ပေ ဖြစ်ပါတယ်။

ဓါတ်လှေကား၊ ပိုင်ဖောင်ဒေးရှင်း၊ ကိုရီးယားပါကေးအခင်း၊ Backup Generator, (34) Hour Security Service, Security Team, Security Officer စတဲ့ Facilities တွေပါဝင်ပါတယ်။

၎င်း Apartment ကိုအမှတ် (၂၉၂)၊ ရာဇဓိရာဇ်လမ်း (၇)ရပ်ကွက်။ တောင်ဥက္ကလာပမြို့နယ်မှာ ဆောက်လုပ်နေပြီး Yone Min Construction ကဒီဇိုင်းရေးဆွဲဆောက်လုပ်ထားကြောင်း သိရိပါတယ်။

ရွှေ Apartment

၎င်း Apartment အခန်းဈေးနှုန်းက တစ်ခန်းကို ကျပ်သိန်း ၇၀၀ ဖြစ်ပြီး ပထမဆုံးစာချုပ်ချုပ်ဆိုချိန် ကျပ်သိန်း ၂၀၀ လက်ငင်းပေးချေပါက ၁၀ ရာခိုင်နှုန်းလျှော့ပေးမှာဖြစ်ပြီး ကျန်ငွေကို လ ၃၀ အရစ်ကျပေးချေနိုင်ကြောင်း သိရိပါတယ်။

ပေ၄၀×ပေ၆၀ ကျယ်ဝန်းတဲ့ မြေပေါ်မှာ ရွှေ Apartment ကိုဆောက်လုပ်နေတာဖြစ်ပြီး အထပ်ပေါင်း ရှစ်ထပ်ရှိကာ တစ်လွှာကို နှစ်ခန်းပါဝင်ကြောင်း သိရပါတယ်။ အခန်းအကျယ်အ၀န်းမှာ ၁၇ပေ×၅၂ပေ ဖြစ်ပါတယ်။

ဓါတ်လှေကား၊ ပိုင်ဖောင်ဒေးရှင်း၊ ကိုရီးယားပါကေးအခင်း၊ Backup Generator, (34) Hour Security Service, Security Team, Security Officer စတဲ့ Facilities တွေပါဝင်ပါသည်။

၎င်း Apartment ကို အမှတ် (၉၀၄)၊ (၅/၇) ဗြဟ္မစိုရ်လမ်း၊ (၅)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်မှာ ဆောက်လုပ်နေပြီး ၂၀၁၉ သြဂုတ်လမှာ ဆောက်လုပ်ပြီးစီးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

၎င်းပရောဂျက်ကို ၂၀၁၈ ဖေဖော်ဝါရီလမှာ စတင်ဆောက်လုပ်ပြီး ၂၀၁၉ သြဂုတ်လ ဆောက်လုပ်ပြီးစီးမှာဖြစ်ကာ Yone Min Construction က ဒီဇိုင်းရေးဆွဲဆောက်လုပ်နေကြာင်း သိရပါတယ်။

Pan Swal Taw Condo

၎င်းကွန်ဒိုကို မြေဧက ၀.၆၁၅ ပေါ်မှာ တည်ဆောက်ထားခြင်းဖြစ်ပြီး ၂၀၁၇ စတင်တည်ဆောက်ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းခန့်မှာ ပြီးစီးနိုင်မယ်လို့ ခန့်မှန်းထားကြောင်းသိရပါတယ်။

အထပ်ပေါင်း ၂၁ ထပ်ခွဲရှိပြီး တစ်လွှာကို ခြောက်ခန်းပါဝင်ကြောင်းသိရပါတယ်။ Penthouse လေးလုံးပါဝင်ပြီး အခန်းအကျယ်အ၀န်းက ၁၃၀၀ စတုရန်းပေကနေ ၂၆၀၀ စတုရန်းပေအထိ ကျယ်ဝန်းပါတယ်။ ဓါတ်လှေကားသုံးစင်းတပ်ဆင်ပေးမှာဖြစ်ပြီး Basement, Ground, 1st Floor နဲ့ 2nd Floor ကိုကားပါကင်အဖြစ် တည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။

Facilities အနေနဲ့ 15th Floor မှာလူကြီး ရေကူးကန်နဲ့ ကလေးရေကူးကန် ပါရှိပြီး အားကစားခန်းမ၊ ကလေးကစားကွင်း၊ မီနီမားကတ်၊ ဗြူးတီးဆလွန်း တွေပါရှိကြောင်း သိရပါတယ်။ အခန်းတန်ဖိုးမသတ်မှတ်ရသေးကြောင်းသိရပါတယ်။

ယင်းကွန်ဒိုကို အမှတ် ၂၂၈၊ အလုံလမ်း၊ အလုံမြို့နယ်မှာ တည်ရှိပြီး= 
Shwe Zabu Deik Construction မှ တည်ဆောက်လျက်ရှိပြီး Ong & Ong Architect က ဒီဇိုင်းရေးဆွဲထားကြောင်း သိရပါတယ်။

9 Apartment

၎င်း apartment အခန်းတန်ဖိုးက ကျပ်သိန်း ၇၀၀ ခန့်မှန်းထားကြောင်း သိရပြီး အရစ်ကျငွေပေးချေမှုစနစ်ရှိပါတ်ယ။ ပထမဦးဆုံး ၃၀ ရာခိုင်နှုန်းလက်ငင်းပေးချေရမှာဖြစ်ပြီး ကျန်၇၀ ရာခိုင်နှုန်းကို လ ၃၀ အရစ်ကျဖြင့် ပေးချေရမှာဖြစ်ကြောင်း သိရိပါတယ်။

မြေ ပေ၄၀×ပေ၆၀ ပေါ်မှာ တည်ဆောက်ထားခြင်းဖြစ်ပြီး အလွှာပေါင်း ရှစ်ထပ်ခွဲရှိပြီး တစ်လွှာကို နှစ်ခန်းနှုန်းဖွဲ့စည်းထားကြောင်း သိရပါတယ်။ အခန်းအကျယ်အ၀န်းကို ၁၇ပေ×၅၂ပေ ကျယ်ဝန်းပြီး ဓါတ်လှေကား တစ်စင်း တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။

ယင်း Apartment ကို Yone Min Development က တည်ဆောက်ပြီး အမှတ် ၅၆၆၊ ဇေယျာလမ်း၊ ၁၀ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်မှာ တည်ရှိကြောင်းသိရပါတယ်။

Source : The Modern

Facebook comments