မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီး မြေဧက ၁ဝ,ဝဝဝ ပေါ်တွင် ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ရတနာပုံမြို့သစ်စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရန် ကျူးကျော်မှုများရှင်းလင်း ပြီးနောက် တည်ဆဲဥပဒေများ၊ နိုင်ငံတကာစည်း မျဉ်းစည်းကမ်းများနှင့်အညီ တင်ဒါခေါ်မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဦးမျိုးသစ်က ပြောဆိုသည်။
အဆိုပါစီမံကိန်းသည် တိုင်းဒေသကြီး အစိုးရနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ ကျူးကျော်နေထိုင်မှုများကို စည်းမျဉ်းစည်းကမ်း နှင့်အညီ ရှင်းလင်းပေးရန်၊ လုံခြုံရေးကိစ္စရပ် များနှင့် အခြားလိုအပ်ချက်များ ဖြည့်ဆည်း ပေးရန်သာဖြစ်ကြောင်း သိရသည်။ပူးပေါင်းဆောင်ရွက်
'' ဘယ်ဧရိယာမှာ ဘာတွေလုပ်မယ်။ အဲဒီ မှာ သူတို့လိုတဲ့အချက်တွေနဲ့ ပြည်ထောင်စု က စဉ်းစားပြီး တင်ဒါခေါ်မယ်။ ခေါ်တဲ့အခါ ဘာလိုချင်တယ်ဆိုတာ အရင်မပြောဘဲ သူတို့ ဘက်က ဘာလုပ်ပေးမလဲဆိုတဲ့ စိတ်ဝင်စားမှု ကို တင်ပြရမယ်။ သူ့ဘာသာသူ ရင်းနှီးမြှုပ်နှံ ပြီး သူ့ဘာသာ Operation ပေါ့။ စီမံကိန်းက တိုင်းအစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိဘူး။ ကျူးတွေရှင်းလင်းဖို့ လုံခြုံရေးကိစ္စနဲ့ အခြားလိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ပါ ''ဟု ၎င်းကပြောဆိုသည်။
Source : Myanmar Times
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments