မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို ၂၀၁၈ ခုနှစ်အတွင်း သတ်မှတ်ပြဋ္ဌာန်းနိုင်ဖွယ်ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ် စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌက ပြောပါတယ်။ မန္တလးမြို့မှာ သည်နေ့ (နိုဝင်ဘာ ၂၂ ရက်) ပြုလုပ်တဲ့ “နေပြည်တော် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှာ မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း နဲ့ မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းပါ ဝင် ဆွေးနွေးပြုစုခဲ့တဲ့ အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေကြမ်း (မူကြမ်း) ရှင်းလင်းတင်ပြပွဲမှာ မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ ကိုယ်စား လှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်က အထက်ပါအတိုင်း ပြောတာပါ။ သူက “ဥပဒေထွက်ဖို့အတွက်က သိပ်မကြာနိုင်တော့ဘူး၊ ( ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်) ကော်မရှင်က မှန်းတာတော့ မတ်၊ ဧပြီ ဒီအတောအတွင်းတော့ ထွက်မယ်လို့ မှန်းထားတယ်၊ ဒါပေမဲ့ သေချာတဲ့တစ်ခုကတော့ ၂၀၁၈ ခု နှစ်တော့ မကျော်ပါဘူး၊ သူတို့လဲ အ တတ်နိုင်ဆုံး ပြီးအောင် ကြိုး စားနေတယ်”လို့ ပြောပါတယ်။ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ (မူကြမ်း) ကို ၂၀၁၆ ခုနှစ် ကတည်း က စတင်ရေးဆွဲပြုစုနေတာဖြစ်ပြီး ယခုအခါမူကြမ်းအဆင့်ပြီးစီးပြီဖြစ် လို့ ပြည်သူ့လွှတ်တော်တင်ဖို့ ကို တော့  ရှေ့လထဲဖြစ်ဖို့များပါတယ်။ သည်ဥပဒေပြဋ္ဌာန်းခြင်းဖြင့် တစ်အချက်က FDI လောအရ နိုင်ငံတကာဝင်လာရင် ဥပဒေနဲ့အညီ သူတို့လုပ်ကိုင်ဆောင်ရွက်ခွင့်ရတဲ့အတွက် နိုင်ငံအပေါ်မှာ စီးပွား ရေးလုပ်တဲ့အခါမှာ ယုံကြည်မှု ပိုပြီး အားသာတယ်၊ ရင်းနှီးမြှုပ်နှံတဲ့ နေရာမှာ လွယ်ကူလာမယ်၊ဘယ်နိုင်ငံကလာလာ ရင်းနှီးမြှုပ်နှံတဲ့အခါမှာ အိမ်ခြံမြေနဲ့ကင်းပြီးနေလို့မရတဲ့ အတွက် အိမ်ခြံမြေဥပဒေမရှိတဲ့အခါမှာ သူတို့အနေနဲ့ ဝင်ဖို့ခက်တယ်၊ နံပါတ်နှစ်အနေနဲ့ ပြည်သူလူထု အတွင်းမှာဖြစ်ပေါ်နေတဲ့ အမှားအယွင်းတွေ ကင်းသွားမယ်၊ ဥပဒေနဲ့အညီ ခံစားခွင့်ရရှိလာမယ်လို့ မန္တ လေးတိုင်းဒေသကြီးအိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်က ဆိုပါတယ်။ သူက“ဥပဒေနဲ့အညီ ဝန်ဆောင် မှုပြုတဲ့သူတွေမှာလဲ ရသင့်ရထိုက် တဲ့ခံစားခွင့်ကို ဥပဒေနဲ့အညီရ မယ်၊ နိုင်ငံတော်ကလဲ ဥပဒေနဲ့ အညီ လိုင်စင်တို့၊ ခွင့်ပြုလက်မှတ်တို့ ထုတ်ပေးတဲ့အတွက်ပစ်စလက် ခတ်လုပ်လို့မရ တော့ဘူး၊ တဖြည်း ဖြည်းနဲ့ အန် ကယ်တို့က ဘာကို ရည်ရွယ်တာလဲဆိုတော့ ဒီဥပဒေ ပြဋ္ဌာန်းပြီးသွားလို့ရှိရင် နောက်ပိုင်းမှာ အိမ်ခြံမြေ ဝန်ဆောင်မှုပြုတဲ့သူတွေကို သင်တန်းကျောင်းတွေ ဖွင့်ပေးမယ်၊ သင်တန်းတွေပေးမယ်၊လက်မှတ်တွေထုတ်ပေးမယ်၊ မွမ်းမံသင်တန်းတွေပေးမယ်၊ နိုင်ငံတကာနဲ့ စံချိန်ညီအောင် တဖြည်း ဖြည်းနဲ့ ပြုပြင်ပြီးတော့ ထိန်းကျောင်းသွားမယ်၊ တခြားသော နိုင်ငံတွေနဲ့ယှဉ်ရင် ဝန်ဆောင်မှုပြု လုပ်တဲ့သူတွေက အောက်မှာရောက်နေတယ်၊ ဒါကြောင့်မို့လို့ အာဆီယံလယ်ဗယ်နဲ့ တဖြည်း ဖြည်းမြင့် မြင့်သွားအောင်လုပ်နေတယ်”လို့ ပြောပါတယ်။
Source : Myanmar Times
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments