ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ထူထောင်ရေး အစီစဉ်အရ ဂျပန်နိုင်င့အစိုးရ၏ငွေကြေးအကူညီဖြင့် ဒဂုံဆိပ်ကမ်းနယ်တွင် တည်ဆောက်လျှက်၇ှိသည့် အဆိုပါရိုးမ အိမ်ရာတွင်နေထိုင်ရန် သင့်တော်သော အိမ်များ။ ကျူးကျော်နေရာများတွင် နေထိုင်ရသူများကို နေရာချထားပေးမည်ဖြစ်ပါသည်။
''အခု တိုက်ခန်းတွေတည်ဆောက်ပြီးပါပြီ။ မီးနဲ့ ရေရဖို့ပဲ ကျန်ပါတောတယ်။ ဝါကျွတ်ချိန်မှာ နေထိုင်လို့ရတဲ့သူတွေကို တိုကျခနျးတှလှေဲပြောင်းပေးပါမယ်။ အခုက ဝါတွင်းဆိုတော့ ထုံးတမ်းအစဉ်လာရ အိမ်ပြောင်းဖိုက မလွယ်လျိပါဘူး''ဟု မစ်စတာ ဒန်ဇိလ်အေဘယ်ကပြောပါသည်။
နှစ်ပေါင်း၃၀ အခမဲ့ နေထိုင်ရမည် ၇ိုးမအိမ်ရာတွင် အိမ်ခန်ူပေါင်း ၁၈ဝ ပါဝင်သော တိုက်ခန်ူကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပါသည်။။ အဆိုပါစီမံကိန်းမှ အိမ်ခန်းပေါင်း ၁၂ဝ ကို ပြီးခဲ့သည့် ဖွန်လဆန်းပိုင်းတွင် နေထိုင်ရန်လွဲပေးခဲ့ပြီး အခန်းပေါင်း ၆ဝ ကို လွှဲပြောင်းပေးရန် နေထိုင်ခွင့်ရရှိသူမ်ားကိုေ၇ွးချယ်ထားပြီ ဖြစ်သည်ဟု မစ်စတာ ဒန်ဇိလ်အေဘယ်ကပြောပါသည်။
''မြေနေရာ အခက်ခဲကြောင့် ပထမတိုက်တစ်ခု ဆောက်ပြီးနောက်တစ်နေရာမှာ တိုက်သုံးလုံးဆောက်ရပါတယ်။ ဒဂုံဆိပ်ကမ်းမြို့သစ်၊ ကရုဏာလမ်းမပေါ်မှာ တိုက်သုံးလုံးဆောက်ဖို့ဆောက်လုပ်ရေးဝန်ကြီး ဌာနက မြေနေရာပေးပါတယ်။ မိသားစု ၁၈ဝ အတွက် တိုက်ကိုးလုံးဆောက်ပေးဖို့ လုပ်ထားတာ။ မြေနေရာက အဆင်မပြေတော့ တိုက်ခြောက်လုံးကို တစ်နေရာမှာဆောက်ပြီး နောက်တိုက် သုံးလုံးကို တစ်နေရာမှာ ဆောက်လုပ်ထားပါသည်။
စတုရန်းပေ ၃၅ဝ အကျယ်အဝန်းရှိ တိုက်ခန်းများတွင် နေထိုင်သူများသည်လွှဲပြောင်းနေထိုင်ခွင့်မရရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပါသည်။စည်းကမ်းလိက်နာမှုမ၇ှိသော၊ တိုက်ခန်းများကို ထိန်းသိမ်းမှုမ၇ှိသော နေထိုင်သူများကို နေထိုင်ခွင့် ရုတ်သိမ်းမည်ဖြစ်သည်ဟု စီမံကိန်း ဒါရိုက်တာ မစ်စတာ ဘီဂျေကာမာချာယာက ပြောပါသည်။
စီမံကိန်းအကျိုးဒေသခံတွေ အကောင်အထည်ော်တာဖြစ်လို့တိုက်ခန်းမှာ နေထိုင်ခွင့်ပေးဖို့ ဒေသခံတွေကိုပဲ ရွေးချယ်စေခဲ့ပါတယ်။ ဘယ်သူပိုဆင်းရဲပြီး လိုအပ်ချက်ပုများနေတယ်ဆိုတာ ဒေသခံကဘဲ အသိဆုံးဖြစ်လို့ ဒေသခံတွေကိုပဲ ကော်မတီဖွဲ့ စေ့ပီး နေထိုင်ခွင့်ရသူကို သူတို့ဘာသာ စီစစ်ရွေးချယ်ခွင့်ရသည်ဟု ၄င်းကပြောပါသည်။
Source ; myanmar Time
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments