တရုတ်အစိုးရဟာ အားကစားကလပ်တွေ၊ အိမ်ခြံမြေလုပ်ငန်းတွေနဲ့ ဖျော်ြေ ဖရေးလုပ်ငန်းတွေမှာ ပြည်ပကို သွားရောက်ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ် သွားဖို့စီစဉ်နေပြီး အပြာရုပ်ရှင်တွေနဲ့ ခွင့်မပြုထားတဲ့ စစ်ဘက် ဆိုင်ရာနည်း ပညာရပ်တွေမှာ ရင်းနှီးမြှုပ်နှံတာကိုလည်း တားမြစ်သွားတော့မယ်လို့ သိရ ပါတယ်။
စည်းမျဉ်းအသစ်တွေကို အစိုးရက သောကြာနေ့က ထုတ်ပြန်ကြေညာခဲ့တြာ ဖစ်ပါတယ်။ အရင်တုန်းကတော့ အခုလို ပြည်ပထွက်ပြီးငွေအလုံး အရင်ြး မှုပ်နှံမှုတွေကို အစိုးရက အားပေးခဲ့ဖူးပါတယ်။
ဗြိတိန်ဘောလုံးအသင်း ဆောက်သမ်တန်က တရုတ်စီးပွားရေးလုပ်ငန်း ရှင် ကောင်ကျိရှန်းနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ပြီလို့ ကြေညာခဲ့ပြီး ရက် ပိုင်းအကြာမှာ အခုလို တရုတ်ရဲ့ကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါ တယ်။ သတင်းတွေမှာတော့ ကောင်နဲ့သူ့မိသားစုတွေဟာ ဆောက်သမ်တန်ရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းအတွက် ပေါင် သန်း ၂၀၀ ပေးချေခဲ့တယ်လို့ ဖော်ြ ပကြပါတယ်။
“ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြန်အလှန်အကျိုးဖြစ်တဲ့ ပူးပေါင်းဆောင်ရွက် မှုတို့ကို ဦးတည်တဲ့ တရုတ်ရဲ့ အားထုတ်မှုတွေနဲ့ မက်ခရိုဘောဂဗေဒ စည်း မျဉ်းဥပဒေသတွေနဲ့ ကိုက်ညီမှုမရှိတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ် သွားမှာဖြစ်တယ်” လို့ဘေဂျင်းအစိုးရက ဆိုပါတယ်။
ဆုံးရှုံးနိုင်ချေအလားအလာတွေကို ကြိုတင် ကာကွယ်လိုတာပါလို့လည်း ဆိုပါတယ်။ တရုတ်လုပ်ငန်းတွေဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေနဲ့ တရုတ်အစိုးရနဲ့ သံတမန်ဆက်ဆံရေးမရှိတဲ့ နိုင်ငံတွေမှာ စီးပွားရေးရင်းနှီြး မှုပ်နှံမှုတွေ လုပ်ဆောင်ခွင့်မရှိတော့ပါဘူး။ သည်စည်းမျဉ်းတွေက နိုင်ငံရဲ့ အကျိုးစီးပွားနဲ့လုံခြုံရေးကို ထိခိုက်စေနိုင်မယ့်ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း တားမြစ် သွားမှာဖြစ်ပါတယ်။
အာဏာပိုင်တွေဟာ ကုမ္ပဏီများစွာနဲ့စုပေါင်းထားတဲ့ စီးပွားရေးလုပ်ငန်းကြီးေ တွရဲ့ နိုင်ငံ့စီးပွားရေးကဏ္ဍ အပေါ် စိုးမိုးလာမှုကို စိုးရိမ်လာနေပုံရသလို အ ဆိုပါလုပ်ငန်းတွေကြောင့်တရုတ်နိုင်ငံရဲ့ စီးပွားရေးထိခိုက်လာမှာကိုပါ စိုး ရိမ်နေပါတယ်။
အစိုးရက ဇူလိုင်လကတည်းက အခုလိုဖိအားပေးမှုတွေကို လုပ်ဆောင်ခဲ့တြာ ဖစ်ပါတယ်။
Source : The Kumudra
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments