စင်ကာပူ ဘတ်စ်ကား ထုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ SC Auto က
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ စင်ကာပူဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံ
ကာ စက်ရုံတစ်ခု တည်ဆောက်နေပြီဖြစ်ကြောင်း ဇွန်လ ၁၂ ရက်
က ထုတ်ပြန်သွားပါတယ်။
စတုရန်းမီတာ ၁၆,၀၀၀ ရှိ ယင်းစက်ရုံမှာတော့ လာမယ့် ၂၀၁၈
နောက်ဆုံးသုံးလပတ်အတွင်း ထုတ်လုပ်မှုတွေ စတင်နိုင်မယ်လို့
ရည်မှန်းထားပါတယ်။
ဒါ့အပြင် ယင်းစက်ရုံသစ်ကြောင့်လည်း SC Auto အတွက်ကတည်း
ယင်းရဲ့ ထုတ်လုပ်မှုကို လေးဆထိ တိုးမြင့်နိုင်မယ်လို့ ယုံကြည်ရပြီး
မြန်မာနိုင်ငံမှာရော အခြားဒေသတွင်းကနေပါ ကားမှာယူမှု လို
အပ်ချက်တွေကို အလျင်မီအောင် ဖြည့်ဆည်းပေးနိုင်တော့မှာဖြစ်
တယ်လို့ သိရပါတယ်။
SC Auto အနေနဲ့ စင်ကာပူ နှစ် ၂၀ ကြာ လုပ်ငန်းတွေ လုပ်ဆောင်
ခဲ့ပြီးနောက် ယခုအခါ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ၀င်ရောက်
လာတာလည်း ဖြစ်ပါတယ်။
ယင်းဟာ မြန်မာနိုင်ငံမှာ ပထမဆုံးသော နိုင်ငံခြားဘတ်စ်ကား
ထုတ်လုပ်သူကုမ္ပဏီလည်း ဖြစ်လာတယ်လို့ International
Enterprise (IE) Singapore ရဲ့ အဆိုအရ သိရပါတယ်။
ယခုလို SC Auto ရဲ့ မြန်မာနိုင်ငံမှာလုပ်ငန်းဝင်ရောက်လုပ်ကိုင်
မှုအပိုင်းမှာလည်း International Enterprise (IE) Singapore က
ကူညီပံ့ပိုးပေးခဲ့တယ်လို့လည်း သိရပါတယ်။
Source : SFJ Strategy First
Property Links >>>>>>>>>http://property.com.mm/index.php/en
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments