ယင်းနိုင်ငံမှာတော့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ ပြည်တွင်း
စားသုံးမှုနဲ့ ကုန်သွယ်မှုပိုင်းမှာ တိုးတက်မှုတွေကြောင့် ယခုလို တိုးတက်မှုမြန်ဆန်နိုင်မှုအပေါ်မှာ ထောက်ကူနေတယ်လို့လည်း ဆိုထားပါတယ်။
အလားတူ နိုင်ငံရဲ့စီးပွားရေးကဏ္ဍမှာ အမျိုးသမီးပါဝင်မှုနှုန်း
ပိုမိုမြင့်မားလာတာကလည်း နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို
များစွာအထောက်အကူပြုနေပြန်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မေလ
ခန့်မှန်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ဘဏ္ဍာနှစ်စပိုင်းတုန်းကတော့ ယင်းနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုပိုင်းမှာ နှေးကွေးနေခဲ့တဲ့ပုံစံတွေ
မြင်တွေ့ထားခဲ့ရပါသေးတယ်။ အလားတူ ယမန်နှစ်
နိုဝင်ဘာလတုန်းကလည်း အစိုးရကနိုင်ငံမှာလည်
ပတ်နေတဲ့ ငွေစက္ကူ အများစုကို ဖျက်သိမ်းခဲ့မှုကြောင့်
ထိခိုက်မှုတွေရှိခဲ့ပေမယ့် နောက်ပိုင်းကာလတွေမှာ
စီးပွားရေးတိုးတက်မှုအရှိန်ကောင်းတွေ ပြန်ရလာခဲ့
တာဖြစ်ပါတယ်။
" ငွေစက္ကူဖျက်သိမ်းမှုကြောင့် စီးပွားရေးနှေးကွေးမှုတွေရှိခဲ့
သော်ငြားလည်း ၂၀၁၇-၁၈ အတွက်ကတော့ တိုးတက်မှု
၇ ဒသမ ၂ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းရပါတယ်၊ ဒါ့အပြင်
၂၀၁၉-၂၀ မှာလည်း ၇ ဒသမ ၇ ရာခိုင်နှုန်း ထိ တိုးတက်
လာမယ်လို့ ခန့်မှန်းရပါတယ်" လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်
ပြောကြားခဲ့ပါတယ်။
Source : SFJ Strategy First
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments