ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနနှင့် JICA တို့ပူးပေါင်းပြီး ပုဂံဒေသ တွင် ခရီးသွားများအတွက် အထောက်အကူပြုမည့် သတင်းအချက်အလက် စင်တာတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ သိရသည်။
ပုဂံဒေသသို့ လာရောက် လည်ပတ်မည့် နိုင်ငံခြား ဧည့်သည်များနှင့် ပြည် တွင်း ခရီးသွားများအတွက် လိုအပ်သော သတင်းအချက်အလက်များနှင့် သိရှိ လိုသော သတင်းအချက်အလက်များကို အဆိုပါ သတင်းအချက်အလက် စင် တာမှ အလွယ်တကူသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသတင်းအချက်လက်စင်တာကို ယခုနှစ်အတွင်း အကောင်အထည်ေ ဖာ် တည်ဆောက်သွားရန် စီစဉ်ထားပြီး ယင်းစင်တာအတွင်းဆွေး နွေးပွဲများ၊ Conference များ ပြုလုပ်နိုင်မည့် ခန်းမများပါ ထည့်သွင်းတည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင် သန်းဝင်းက ''ဒီစင်တာသာ တည်ဆောက်ပြီးသွားပြီဆိုရင် နိုင်ငံခြား ဧည့်သ ည်တွေ သာမက ပုဂံကို လာရောက်လည်ပတ်မယ့် ပြည်တွင်း ခရီးသွားတွေ အတွက်လည်း အကူအညီဖြစ်မှာပါ။ ဒီဟာကိုလည်း JICA ရဲ့ နည်းပညာ အကူအညီနဲ့ တည် ဆောက်နေပါတယ်''ဟု မေ၁၅ရက် က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သည့် ခရီးသွားကွန်ဖရင့်တွင် မီဒီယာများနှင့်
တွေ့ဆုံစဉ်ပြော ကြားခဲ့သည်။
အဆိုပါသတင်းအချက်အလက်စင်တာ တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် ပုဂံဒေသခံများမှ ကန့်ကွက်မှုများ ရှိနေကြောင်းလည်း သိရ သည်။
''ဒီစင်တာတည်ဆောက်တာနဲ့ ပတ်သက်ပြီးတော့ ပုဂံမှာ ရှိတဲ့ဒေသခံ တွေ လက်ခံလာနိုင်ဖို့အတွက် ကျွန်မတို့အနေနဲ့လည်း ကြိုးစားပြီးတော့ ရှင်း ပြပေး သွားမှာပါ။ ဒေသခံတွေကတော့ ရှေးဟောင်းဘုရားတွေ၊ အဆောက်အအုံေ တွ ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် လက်မခံကြတဲ့သဘောပါ။ ထိခိုက္မႈကေ တာ့ ရွိမွာမဟုတ္ပါဘူး။ ဒီဟာသာ တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် ပုဂံဒေသအ တွက်လည်း အကျိုးရှိလာမှာပါ''ဟု ဒေါ်ခင်သန်းဝင်းက ဆက်လက်ပြောသည်။
လက်ရှိအချိန်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ဖွံ့ဖြိုးရေးအတွက် ဟိုတယ်နှ င့် ခရီးသွားလာရေးဝန်ကြီးဌာန နှင့် JICA တို့ပူးပေါင်းပြီး Administration & Management Group, Infrastru cture Group နှင့် HR Group ဟူ၍ Workign Grou (၃)ခုဖွဲ့ပြီးဆောင်ရွက်နေကြောင်း သိရသည်။
Source : Democracy Today
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments