ရန်ကုန်မြို့တော်ဟောင်းနှင် ရန်ကုန်တဝန်း၌ ရှေးဟောင်းအမွေအနှစ် အေ ဆာက်အအုံ ၆၀၀၀ နီးပါးရှိကြောင်း ရန်ကုန် အမွေအနှစ် ထိန်းသိမ်းစောင့်ေ ရှာက်ရေးအဖွဲ့ (YHT)၏ ကောက်ယူနေဆဲ စစ်တမ်းကပြသနေသည်။
ရန်ကုန် ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေး ဆော်သြနေသည့် အစိုး ရမဟုတ်သော YHT အဖွဲ့ သည် မြို့ပြအမွေအနှစ် စာရင်း (Urban Herita -ge Inventory)ကို ၂၀၁၂ ခုနှစ် ကတည်းကပင် စတင် ကောက်ယူနေခြင်း
ဖြစ်သည်။
ယခုအချိန်အထိ မြို့တွင်း ၉မြို့နယ်နှင့် ပတ်ဝန်းကျင်မြို့နယ်များတွင် ရှေးေ ဟာင်း အမွေအနှစ် အဆောက်အအုံပေါင်း ၆ ထောင်နီးပါးကို မှတ်တမ်းတင် နိုင်ခဲ့ပြီး၊ တချို့မှာ ဗြိတိသျှ ကိုလိုနီခေတ် လက်ရာ အဆောက်အအုံများ ဖြစ် သည်။
စစ်တမ်းကောက်ယူခြင်းကို တခြားသောမြို့နယ်များတွင်ပါ တိုးချဲ့လုပ်ေ ဆာင်နေသည့်အတွက် မကြာ မီတွင် ရှေးဟောင်းအမွေအနှစ် အဆောက်အ အုံ အရေအတွက်မှာ တိုးပွားလာဦးမည်ဖြစ်ကြောင်း YHT ၏ ဒါရိုက်တာနှင့် ဒုဥက္ကဋ္ဌ ဒေါ်မိုးမိုးလွင်က ပြောသည်။
“ဘာသာရေး အဆောက်အအုံက အစ အစိုးရ၊ ပုဂ္ဂလိပိုင် အဆောက်အအုံ အထိ သမိုင်းအရ၊ ဗိသုကာ ပညာအရ ထူးခြားတဲ့အဆောက်အအုံ အားလုံးကို တည်နေရာ ဓာတ်ပုံမှတ်တမ်းနဲ့ ကျမတို့စာရင်း ကောက်ယူပါတယ်”လို့ သူက ဆိုသည်။
“ရန်ကုန်မှာ ဘယ်လိုရှေးဟောင်း အမွေအနှစ်မျိုးတွေ ရှိတယ်ဆိုတာ ဒီစစ် တမ်းက နားလည်အောင် အထောက်အကူပြုနိုင်တယ်။ မြို့ပြစီမံကိန်း၊ မြေ ပုံရေးဆွဲခြင်းနဲ့ ခရီးသွား လုပ်ငန်းတွေအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့လည်း အထောက်အကူပြုနိုင်ပါတယ်” ဟုလည်း ဒေါ်မိုးမိုးလွင် ဆက်ပြောသည်။
ထိုစစ်တမ်းသည် တမြို့လုံးအတိုင်းအတာဖြင့် ကောက်ယူသော ပထမဆုံး ကျယ်ပြန့်သည့် စစ်တမ်း ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့တော်၏ အမွေအနှစ်၏ ထင်ဟပ်သောနေရာများ စာရင်းတခု ပြုစုထားသော်လည်း ဘာသာရေးနှင့် ကိုလိုနီခေတ် အဆောက်အအုံများကိုသာ အထူးပြု ဖေါ်ပြထားပြီး ကိုလိုနီေ ခတ် အတွင်းနှင့်နောက်ပိုင်း ပုဂ္ဂလိကအိမ်ကြီးအိမ်ကောင်းများ ပါဝင်ခြင်း မရှိ ကြပေ။
ခေတ်သစ် အဆောက်အအုံများ တည်ဆောက်ရန် တချို့သော ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများကို ယခင်က ဖြိုချခဲ့ပြီးဖြစ်ရာ ရန်ကုန်ရှိ သ မိုင်းဝင် အဆောက်အအုံများကို မြို့ပြဖွံ့ဖြိုး တိုးတက်မှုက ခြိမ်းခြောက်နေစဉ် ယခုစစ်တမ်း ကို ကောက်ယူခြင်းဖြစ်သည်။
Source: Irrawaddy
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments