ဝင်ငွေခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်အထိ ရရှိမည့် ဦးစားပေး မြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကဏ္ဍ ၂၀ ကို ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဧပြီလ ၁ ရက်နေ့တွင်
ထုတ်ပြန်သည်။
ယင်းကဏ္ဍများတွင် လယ်ယာကဏ္ဍ၊ အခြေခံ အဆောက်အဦး ဆောက်လုပ်ရေး ကဏ္ဍ၊ ရေထွက်ကုန်ကဏ္ဍ၊ စက်မှုဇုန် ကဏ္ဍနှင့် အခြားသော စီးပွားရေး လုပ်ငန်းများအတွက် အချက်အချာကျသည့် လုပ်ငန်းကဏ္ဍများလည်း ပါဝင်လာခဲ့သည်။
“ထုတ်ပြန်ချက်တွေထဲမှာ လုပ်ငန်းတွေက အသေးစိတ်ပါ ပါတယ်။ ဒီထဲမှာပါတဲ့လုပ်ငန်းတိုင်း ဝင်ငွေခွန် ကင်းလွတ်ခွင့် ရမှာ မဟုတ်ဘူး။ ပြောချင်တာက ဦးစားပေး မြှင့်တင်တဲ့ကဏ္ဍမှာ လမ်းဖောက်တဲ့ လုပ်ငန်းပါတယ်ပေါ့။ လမ်းဖောက်တာက ရန်ကုန်မှာ လမ်းဖောက်ရင်
ဝင်ငွေခွန် ကင်းလွတ်ခွင့် နည်းမယ်။ ချင်းပြည်နယ်လို နေရာမှာ ဖောက်မယ်ဆိုရင် ဝင်ငွေခွန် ကင်းလွတ်ခွင့်များမယ်”ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ရှင်းပြသည်။
ယခုအစိုးရလက်ထက်တွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုလည်း ဦးစားပေးကဏ္ဍတွင် ထည့်သွင်းထားသဖြင့် ဝင်ငွေခွန် ကင်းလွတ်ခွင့်
အပြင် အကောက်ခွန် ကင်းလွတ်ခွင့်ကိုလည်း နှစ်အကန့်အသတ်မရှိ ရရှိမည်ဖြစ်သည်။
ယခင်အစိုးရ လက်ထက်က ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ကဏ္ဍမှာ
စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများဖြစ်ကြောင်း၊ ယခုအစိုးရလက်ထက်တွင် အခွန် သက်သာခွင့်များပြ၍ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသော်လည်း ဝင်ရောက်မှု ရှိ မရှိကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရေထွက် ပို့ကုန် လုပ်ငန်းရှင် ဦးမြင့်ထွန်းက ပြောကြားသည်။
“စိုက်ပျိုးရေးတို့၊ မွေးမြူရေးတို့မှာက လမ်းတို့၊ လျှပ်စစ်မီးတို့က အခက်အခဲရှိလို့ မဝင်တာများတယ်။ ဝင်တော့လည်း တန်ဖိုးမြှင့် ထုတ်ကုန်တွေ များများ ထုတ်နိုင်တဲ့ လုပ်ငန်းမျိုးက ဝင်တာနည်းတယ်”ဟု ၎င်းကဆိုသည်။
Source : The Voice
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments