အခြေခံ လူတန်းစား အိမ်ရာစီမံကိန်းများတွင် အတိုး နှုန်းသက်သာစွာဖြင့် အရစ်ကျ ၀ယ်ယူနိုင်ရန် ဂျပန်အစိုးရက ယန်း ၁၅ သန်း (မြန်မာငွေကျပ် ၁ဒသမ၅ ဘီလီယံ) ကူညီရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေးကပြောသည်။
‘‘Housing Finance Sup-port အတွက်ပါ။ ချေးငွေက နောက်နှစ်လောက်မှ ရမယ်ထင်တယ်’’ဟု ဦးသာဌေးကပြောသည်။
ချေးငွေရရှိရန် ပြည်ထောင် စုအစိုးရအဖွဲ့အဆင့်က စီစဉ်နေခြင်းဖြစ်ပြီး လာမည့် ၂၀၁၈ မှသာရနိုင်ဖွယ်ရှိကြောင်း ၎င်းကပြောသည်။
လက်ရှိရောင်းချနေသည့် အိမ်ရာစီမံကိန်းများသည် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းရှိ၍ အတိုးနှုန်းများပြားသဖြင့် နိုင်ငံတကာမှ ချေးငွေရရှိပါက အတိုးနှုန်းလျှော့ချမည်ဟု ၎င်းကဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းသည် လက်ရှိတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က မြို့ သစ်စီမံကိန်းတွင် ပါဝင်လုပ် ဆောင်ရန် ကမ်းလှမ်းခြင်းခံထား ရပြီး တစ်နိုင်ငံလုံး၌ အိမ်ရာစီ မံကိန်းများ ဖော်ဆောင်ရန် ပြည် ထောင်စုအစိုးရအဖွဲ့၏ တာဝန် ပေးခြင်းကို ခံထားရသည့် အဖွဲ့ အစည်းဖြစ်သည်။
‘‘ကျွန်တော်တို့အသင်းက Organizer အနေနဲ့ ၀င်ရောက် လုပ်ကိုင်ရမယ့်သဘောပါ။ အရင် ဆုံးတော့ရန်ကုန်မြို့သစ်စီမံကိန်းမှာ အိမ်ရာတွေဖော်ဆောင်ဖို့ ဆောင်ရွက်မှာပါ’’ဟု ဦးသာဌေး ကဆိုသည်။
မြန်မာနိုင်ငံတွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ တည် ဆောက်ရာ၌ ကျပ်သိန်း ၁၀၀ အောက်ဖြင့် တည်ဆောက်ရန် အစိုးရ ပိုင်းကပင် အခက်အခဲရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကပြောသည်။
ထို့ကြောင့် အတိုးနှုန်းသက် သာစွာဖြင့် အရစ်ကျလပေါင်းများ စွာ ရောင်းချနိုင်ရန် ဆောက်လုပ် မှုကုန်ကျစရိတ်သည် ခေတ်ကာလအခြေအနေကြောင့် သိန်း ၁၀၀ အောက်ဖြင့် ရောင်းချရန် မဖြစ်နိုင်ကြောင်း Igreen ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ကျော်နိုင်ကပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန သည် တစ်နိုင်ငံလုံးတွင် ယခုလာ မည့် ဘတ်ဂျက်နှစ်ကစတင်ကာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းကဲသို့ ပြင်ပအဖွဲ့အစည်း များနှင့်ပူးပေါင်းပြီး အိမ်ရာအခန်းပေါင်း ၁ ဒသမ ၄ သိန်း အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်။
Source: 7Daily
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments