မြန်မာ-ထိုင်း နှစ်နိုင်ငံ ပညာရေး၊ နယ်မြေ ဖွံ့ဖြိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးရန် ပါဝင်သည့် အဖွဲ့ပေါင်း ၁၇ ခုဖြင့် သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲအား ဖေဖော်ဝါရီ ၂ ရက်က သင်္ဂဟ ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
“ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်ခရီးစဉ်မှာ ထိုင်း မြန်မာ အတူတူ တိုးတက်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နောက်လုပ်မယ့် စီမံကိန်းနဲ့ဆိုင်တဲ့သူတွေ လက်မှတ်ရေးထိုးကြတာပါ။ အဖွဲ့ပေါင်း ၁၇ ဖွဲ့နဲ့ လက်မှတ်ရေးထိုးပါတယ်” ဟု ကုန်သည်စက်မှု အသင်းချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။
အဆိုပါ သဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲသို့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေး လုပ်ငန်းအဖွဲ့အစည်းများဖြင့် စီးပွားရေး ပူးတွဲဆောင်ရွက်ရာတွင် သဘောတူ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။
“ နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးအောင် လုပ်ကြမယ်ဆိုပြီး သဘောတူစာချုပ် လက်မှတ်ရေးထိုးတဲ့ ပွဲပါ။ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းလည်း ပါတယ်။ တချို့လည်း အဖွဲ့အစည်းတွေ ပါတယ်။ စီးပွားရေး အတူတွဲလုပ်တဲ့ အပေါ်မှာ လက်မှတ်ရေးထိုးတာပါ။ ထိုင်းနဲ့မြန်မ ကြားထဲမှာရှိတဲ့ ပညာရေးတိုးတက်ဖို့ ဆက်သွယ်မှုလည်း ပါတယ်။ ဘဏ်လုပ်ငန်းတွေလည်း ပါတယ်။ နယ်မြေဖွံ့ဖြိုးရေးလည်း ပါတယ်။ စီးပွားရေးမှာ အသေးစား၊ အလတ်စား ဖွံ့ဖြိုးဖို့အတွက်လည်းပါတယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ဆက်လက်ပြောကြားသည်။
Source : Eleven Media Group
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments