အမရပူရမြို့နယ်အတွင်း မန္တလေး-စစ်ကိုင်းကားလမ်းပေါ်၊ တံတားဖြူအနီးရှိ စိုက်ပျိုးမြေများမှာ ခေါ်ဈေး
များကောင်းနေပြီး ရောင်းလိုအားမြင့်တက်နေကြောင်း အဆိုပါစိုက်ပျိုးမြေများအနီးရှိ ရွာခံအချို့က
ပြောသည်။
ပြီးခဲ့သောငါးနှစ်ခန့်က တစ်ဧကလျှင် ကျပ်သိန်း ၅ဝ ခန့်သာရှိခဲ့သော စိုက်ပျိုးမြေများကိုယခုနှစ်လ
ခန့်အတွင်း ကျပ်သိန်း ၂,ဝဝဝ မှ ကျပ်သိန်း ၅,ဝဝဝ အထက်အထိ ဈေးခေါ်ခြင်းများ ရှိနေကြောင်း၊
သို့သော် ရောင်းမည့်ဈေးနှင့်ဝယ်မည့်ဈေးမှာ များစွာကွာခြားနေပြီး ရောင်းလိုသူများပြားကြောင်း
တံတားဖြူအနီးရှိ ပန်းချီကျေးရွာမှ ဦးမြင့်စိုးက ပြောသည်။
''မန္တလေး-စစ်ကိုင်းလမ်းပေါ် တံတားဖြူ နားမှာ သစ်သီးဝလံပွဲရုံစီမံကိန်းရှိနေလို့ အခုလို စိုက်ပျိုးမြေ
ခေါ်ဈေးနှုန်းတွေ မြင့်နေတာပါ။ ကျွန်တော်တို့ရွာမှာ ကျွန်တော့်ခေါင်းရင်း အိမ်ကလူက ဒီတံတားဖြူ
နားမှာ လေးဧကလောက် ပိုင်ထားတယ်။ အခု တစ်ဧကကို သိန်း ၈,ဝဝဝ လောက် ခေါ်နေတာ။
ဈေးနှုန်းတွေကတော့ အစားစားပဲ။ တစ်ဧကကို သိန်း ၂,ဝဝဝ ကနေ သိန်း ၅,ဝဝဝ အတွင်း ခေါ်နေ
တဲ့သူတွေလည်းရှိတယ်''ဟု ဦးမြင့်စိုးက ဇန်န ဝါရီလ ၃၁ ရက်တွင်ပြောသည်။
သစ်သီးဝလံပွဲရုံတန်းမှာ လတ်တလောတွင် မြေအကျယ် ၁၄ ဧကခန့် အပေါ်တွင် စတင် အကောင်အထည်ဖော်နေကြောင်း၊
မြေပိုင်ရှင်များမှာ ဈေးနှုန်းကို တစ်နေ့တစ်မျိုး ဆိုနေကြသော်လည်း လုပ်ငန်းအတွက် လိုအပ်မည့်သူမှလွဲ၍ လက်တွေ့တွင် တခြားဝယ်လက်ရှားပါးကြောင်း
နှင့် ရောင်းချလိုသူများပြားကြောင်း ပန်းချီကျေးရွာ အုပ်ချုပ်ရေးမှူးဦးအေးလွင်က ပြောသည်။
''မြေတွေက ပုံစံ(၇) ရထားတဲ့ စိုက်ပျိုးမြေတွေပါ။ ရောင်းမယ့်ဈေးနဲ့ ပေးတဲ့ဈေးတွေက ကွာပါတယ်။
တစ်ဧကကို သိန်း ၁,၅ဝဝ နဲ့ ၂,ဝဝဝ ကြားကို ဈေးပေးတာရှိပေမဲ့ အဲဒီထက် ပိုလိုချင်ကြတယ်''ဟု
ဦးအေးလွင်က ဇန်နဝါရီ ၃၁ ရက်တွင်ပြောသည်။
အဆိုပါတံတားဖြူအနီးရှိ ပန်းချီကျေးရွာ၊ ငယ်တိုးကျေးရွာများမှ ရွာမြေများနှင့် စိုက်ပျိုးမြေများမှာ ၂ဝ၁၅
ခုနှစ်ကုန်ပိုင်းနှင့် ၂ဝ၁၆ ခုနှစ်ဆန်းပိုင်းတွင် ဝယ်လိုအား မြင့်တက်ခဲ့ပြီး အရောင်းအဝယ်လည်း
ကောင်းကြောင်း၊ သို့သော် ယခုအခါ နေရာအနှံ့ အရောင်းအဝယ်အေးနေကြောင်း ပြောသည်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments