တရားမဝင် နိုင်ငံခြား အိမ်ခြံမြေ အကျိုးဆောင်အရေ အတွက် ပိုမိုများပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။
နောက်ဆုံး ကောက်ခံထား သော စာရင်းများအရ တရားမဝင် လာရောက်လုပ်ကိုင်သည့် နိုင်ငံ ခြားသား အိမ်ခြံမြေအကျိုးဆောင် အရေအတွက်သည် ရန်ကုန်တစ် မြို့လုံးတွင် ၄၀ ကျော်ရှိကြောင်း အဆိုပါ အသင်းဥက္ကဋ္ဌဦးစိုင်းခွန် နောင်က ပြောသည်။
၎င်းတို့ကို အရေးယူနိုင်ရန် အိမ်ခြံမြေ ဝန်ဆောင်မှုဆိုင်ရာ ဥပဒေကြမ်း ပေါ်ပေါက်လာမှသာ အရေးယူနိုင်မည့် အခြေအနေရှိ ကြောင်း ၎င်းက ပြောသည်။
အဆိုပါဥပဒေကြမ်းသည် လက်ရှိ၌ လွှတ်တော်သို့ရောက်ရှိ နေပြီဖြစ်ကာ ယခုနှစ်အတွင်း အတည်ပြုပြဋ္ဌာန်းနိုင်မည့် အခြေ အနေများရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
တရားမဝင် လုပ်ကိုင်နေ သည့် နိုင်ငံခြား အိမ်ခြံမြေအကျိုး ဆောင်အများစုသည် တရုတ်၊ထိုင်းနှင့် ဗီယက်နမ်နိုင်ငံသားများ က လိုင်စင်မရှိဘဲ လုပ်ကိုင်နေခြင်း ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
‘‘တချို့က ဝန်ထမ်းလေး နှစ်ယောက်၊ သုံးယောက်နဲ့ အိမ်မှာ ဆိုင်းဘုတ်လေးထောင်ပြီး လုပ် ကြတယ်။ တချို့ကလည်း အိမ်က နေ ကွန်ပျူတာလေးနဲ့ အရောင်း အဝယ်လုပ်နေတဲ့သူတွေလည်း အများကြီးရှိတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားသားက ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံပါက နိုင်ငံသားတစ်ဦးနှင့် ပူးပေါင်းလုပ်ကိုင် ရမည်ဟု သတ်မှတ်ထားသည်။
ရန်ကုန်မြို့တွင် တရားဝင် လုပ်ငန်းဗီဇာ (Business Visa) ဖြင့် လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသား ၄,၀၀၀ ကျော်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
စက်တင်ဘာလကုန်က ကောက်ယူထားသော စာရင်းများ အရ လုပ်ငန်းဗီဇာဖြင့် လာရောက် သော နိုင်ငံခြားသား အရေအတွက် မြင့်တက်လာကြောင်း အလုပ်သမားရေးရာနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးဇော်အေးမောင်က ပြောသည်။
နိုင်ငံခြားသား လုပ်ငန်းရှင် များ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီး မြှုပ်နှံထားမှုသည် ဒီဇင်ဘာအထိ တရားဝင်စာရင်းများအရ ၃၅ ခုရှိ ပြီး ၎င်းတို့ကို လိုက်လံစစ်ဆေးရန် အခက်အခဲများရှိကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြားထားသည်။
Source : 7day Daily News
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments