လယ်ယာမြေ သိမ်းဆည်းခံရမှုများနှင့်ပတ်သက် ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်နိုင်စေရေး နေပြည်တော်ကောင်စီ အတွင်း ရှိသော မြို့နယ်များတွင် သင်တန်းများပေးလျက်ရှိကြောင်း နေပြည် တော်ကောင်စီအဖွဲ့ဝင် ဦးအေး မောင်စိန်က ပြောသည်။
အဆိုပါသင်တန်းများကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီအောက်ရှိ သက်ဆိုင်သော ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ ကိုယ်စားလှယ်များအား ပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်တဲ့အခါမှာ လွဲ ချော်မှုတွေ၊ တိမ်းချော်မှုတွေ မဖြစ်ဘဲ ဆောင်ရွက်နိုင်အောင် ပို့ချပေးတာ ဖြစ်ပါတယ်’’ဟု နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအေးမောင်စိန်က ပြောသည်။
ယခု သင်တန်းကို နေပြည် တော်နယ်မြေရှိ ရှစ်မြို့နယ်တွင် ဇန်နဝါရီလကုန်အပြီး လုပ်ဆောင်မည်ဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တ ရသီရိမြို့နယ်၊ ဇေယျာသီရိမြို့ နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့တွင် သင်တန်းပို့ချ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘နောက်ထပ်လုပ်မှာက တော့ တပ်ကုန်းမြို့နယ်ပါမယ်။ ပျဉ်းမနားပါမယ်။ လယ်ဝေးနဲ့ ဒက္ခိဏသီရိတို့ကို ပူးပေါင်းပြီး ဆက်လုပ်သွားမယ်’’ဟု ဦးအေး မောင်စိန်က ပြောသည်။
အဆိုပါသင်တန်းများ ပြီး ဆုံးပါက လယ်ယာမြေနစ်နာမှု များကို မြို့နယ်အဆင့်၊ ရပ်ကျေး အဆင့်များပါဝင်သော အဖွဲ့ဝင် များက ကွင်းဆင်းဆောင်ရွက်မည် ဖြစ်ပြီး တွေ့ရှိတင်ပြလာသည့် အချက်များကို စိစစ်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
‘‘စိစစ်တဲ့နေရာမှာ မှန်မှန် ကန်ကန်ဖြစ်ဖို့ အရေးကြီးတယ်။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်း ပြဋ္ဌာန်းထားတာ ဘာတွေရှိ လဲ။ ဒီကနေ့ဖြစ်ပျက်နေတာ ဘာတွေလဲ၊ ဘာကြောင့် ဒီလို ဖြစ်လဲဆိုတာတွေကို ပေါ်လွင်အောင် စိစစ်မယ်’’ဟု ဦးအေးမောင်စိန်က ပြောသည်။
လယ်ယာမြေများကို စိစစ် ဆောင်ရွက်ရာတွင် ပြန်လည်စွန့် လွှတ်မြေကို စိစစ်ရမည့်ကိစ္စ၊ သိမ်းဆည်းခံရစဉ် ကာလအတွင်း လျော်ကြေးနည်းခဲ့သည့် တောင် သူများကို ပြန်လည်စိစစ်ရမည့် ကိစ္စ၊ အိမ်ဝိုင်းခြံမြေများ ရသင့် သော်လည်း ရရှိခြင်းမရှိသေးဘဲ ကျန်နေခြင်းများနှင့် သစ်တောမြေ များအတွင်း နေထိုင်ခဲ့သောသူ များအတွက် နစ်နာကြေးပေးရန် စိစစ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဦးစားပေးဆောင်ရွက် ရန်လိုကြောင်း အမျိုးသားလွှတ် တော် ဦးမောင်မောင်ဆွေက ပြောသည်။
‘‘လယ်ယာမြေ စိစစ်ရေး လုပ်ငန်းတွေကတော့ ဒီနှစ်ထဲမှာ အရှိန်အဟုန်နဲ့လုပ်ဖို့ ရှိပါတယ်’’ဟု ၎င်းက ဆိုသည်။
နေပြည်တော်တွင် သိမ်းဆည်းခံထားရသော လယ်ယာမြေများနှင့်ပတ်သက်၍ ၂၀၁၆ အတွင်းကနေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် (၂) က ကွင်းဆင်းဆောင်ရွက်ထားရာ မြို့နယ် လေးမြို့နယ်၌ အမှုတွဲပေါင်း ၃၇၆ တွဲ စိစစ်တွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
Source : 7day Daily News
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments