ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အ အုံကို ပြန်လည်တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ဘတ်စ်ကား စီးသူများအား လိုက်လံကူညီပေး ကြမည့် စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
‘‘တက္ကသိုလ်ကျောင်းသား တွေနဲ့ပတ်သက်လို့ အရေးကြီးတဲ့ နေရာကနေ ထည့်သွင်းထားပါ တယ်။ ဘာကြောင့်လဲဆို ဒီမျိုး ဆက်တွေဟာ တစ်ချိန်မှာ နိုင်ငံကိုဦးဆောင်မယ့်သူတွေပါ။ ကျောင်းတွေကနေ ထွက်လာမယ့်ကျောင်း သားတွေ အလုပ်အကိုင်ရရှိဖို့အ တွက် ဆွေးနွေးနေတာတွေ ရှိပါ တယ်။ တစ်ဆက်တည်း အသိပေး လိုတာက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂကိုလည်း ပြန် လည်တည်ဆောက်သွားမယ်ဆို တာကို အသိပေးလိုပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တက္ကသိုလ်ဝင်းအ တွင်းရှိ သမိုင်းဝင်ကျောင်းသား သမဂ္ဂအဆောက်အအုံရှိခဲ့သည့် နေရာတွင် ကျောင်းသားသမဂ္ဂအ ဆောက်အအုံသစ် ပြန်လည်တည် ဆောက်မည်ဖြစ်ကြောင်း ပညာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၆ ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။
ယခုအခါ ဝန်ကြီးချုပ်က ထပ်မံ ပြောကြားခြင်းလည်း ဖြစ် သည်။
ကျောင်းသားသမဂ္ဂပြန် လည်တည်ဆောက်ရေးနှင့်ပတ် သက်၍ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီးက ‘‘ကျောင်းသားသမဂ္ဂဟာ လွတ် လပ်ဖို့ အရေးကြီးဆုံးပဲ။ ဘာလုပ် လုပ် အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံစင်မြင့်အဖြစ်နဲ့ အသုံးချခံရတာမျိုး မဖြစ်စေချင်ဘူး။ နောက်တစ်ခုကလည်း အစိုးရ လက်ကိုင်တုတ်ပေါ့။ အစိုးရကို လော်ဘီလုပ်တဲ့သူတွေ အသုံးချ တဲ့ ကျောင်းသားသမဂ္ဂလည်း မဖြစ်စေချင်ဘူး။ ကျောင်းသား တွေဟာ သူတို့အရွယ်မှာ သူတို့ လူငယ်ဘဝရဲ့လွတ်လပ်မှု၊ တက် ကြွမှု၊ စွန့်လွှတ်အနစ်နာခံလိုမှု အစရှိတဲ့ အရည်အချင်းတွေကို လွတ်လွတ်လပ်လပ် အသုံးချနိုင် တဲ့၊ ဖော်ထုတ်နိုင်တဲ့ ကျောင်းသားသမဂ္ဂမျိုးပဲ ဖြစ်စေချင်တယ်’’ဟု 7Day Daily အား ပြောကြားထား သည်။
ှSource : 7day Daily News
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments