မူလဒီဇိုင်းကို ပြန်လည် ပြင်ဆင်ပြီး တည်ဆောက်ရန် ညွှန် ကြားခံထားရသည့် အထပ်မြင့် အဆောက်အအုံငါးလုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပြန်လည်တင်ပြ စစ်ဆေးခံပြီးမှ သာ တည်ဆောက်ခွင့် ပြုမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့မှ အထပ်မြင့် အဆောက်အအုံများအားလုံးကို ၂၀၁၆ နိုဝင်ဘာ ဒုတိယပတ်က တည်ဆောက်ခွင့် ပြန်လည်ခွင့် ပြုခဲ့သော်လည်း အထက်ပါ အဆောက်အအုံ ငါးလုံးကို တည်ဆောက်ခွင့်မပြုထားဘဲ ပြန်လည် စစ်ဆေးရန် ဆိုင်းငံ့ထားခဲ့သည်။
ယင်းအထပ်မြင့်အဆောက် အအုံငါးလုံးမှာ မြေပြင်လုပ်ငန်း အချို့ စတင်ထားရာမှ ရပ်ဆိုင်း ခြင်းခံထားရသည့် အထပ်မြင့်စီမံ ကိန်းများဖြစ်သည်။
‘‘ရန်ကုန်တိုင်းဒေသကြီး အစိုးရကို Presentation ပြန်လုပ် ရမှာပါ။ အဲဒီအဆောက်အအုံငါး လုံးက စစ်ဆေးတဲ့အပိုင်းကတော့ အားလုံးပြီးပြီ’’ဟု ကိုးထပ်နှင့် အထက် အထပ်မြင့် အဆောက် အအုံများ စစ်ဆေးရေးဌာန ဌာနမှူး ဦးအောင်ဆန်းဝင်းက 7Day Daily သတင်းစာအား ပြောသည်။
အဆိုပါ အဆောက်အအုံ ငါးလုံးသည် ရန်ကုန်တွင် လူသိများ နာမည်ကြီးပြီး အချက်အချာ ကျသည့်နေရာများ၌ တည် ဆောက်မည့် ၁၈ ထပ်နှင့်အထက် အဆောက်အအုံများဖြစ်ကြောင်း သိရသည်။
အဆိုပါအဆောက်အအုံ ငါးလုံးကို ရန်ကုန်မြို့တော်အင်္ဂါ ရပ်နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှုစိစစ်ကြပ်မတ် ရေးကော်မတီမှ ပညာရှင်များ နောက်ဆုံးအဆင့်စစ်ဆေးပြီးဖြစ် သည်။
ယင်းအဆောက်အအုံအများ စုသည် လုံခြုံရေးရှုထောင့်နှင့်မညီ ညွတ်သည့် အဆောက်အအုံများ ပါဝင်ခြင်း၊ Road Building Ratio ကိုက်ညီမှု မရှိခြင်းနှင့် အထပ်မြင့် များ မဆောက်လုပ်သင့်သောနေ ရာအချို့တွင် ပါဝင်သောကြောင့် ယနေ့အထိ ရပ်ဆိုင်းခံထားရ သည့် အဆောက်အအုံများဖြစ် ကြောင်း အထက်ပါကော်မတီ တွင် ပါဝင်စစ်ဆေးသည့် ပညာရှင်တစ်ဦးက ပြောသည်။
Source : 7day Daily News
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments