ထားဝယ်အထူးစီးပွား ရေးဇုန် ပြန်လည်စတင်မှုပထမအ ဆင့်အဖြစ် လမ်းပန်းဆက်သွယ် ရေးတည်ဆောက်ရန် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီနှင့် ယင်းစီမံကိန်းစတင် အကောင်အထည် ဖော်ခဲ့သည့် အီတာလျံ-ထိုင်းကုမ္ပဏီတို့ ဇန်န ၀ါရီ ၅ ရက်တွင် ပြန်လည်ဆွေး နွေးမည်ဟု သတင်းရရှိသည်။
‘‘ဒီစီမံကိန်းအတွက် လမ်း ပန်းဆက်သွယ်ရေးကောင်းမှ အ ခြား ရင်းနှီးမြှုပ်နှံမယ့်သူတွေက စိတ်ဝင်စားမယ်။ ဒါကြောင့်လမ်း ကို အရင်လုပ်ဖို့ ကုမ္ပဏီဟောင်းနဲ့ ဆွေးနွေးတာပါ။ ဂျပန်ကငွေကြေး တောင့်တော့သူတို့ကို ဖိတ်ခေါ် တာ သူတို့ကလည်း စိတ်ဝင်စားမှု ရှိကြပါတယ်’’ဟု ထားဝယ်အထူး စီးပွားရေးဇုန်၊ စီမံခန့်ခွဲရေးကော် မတီ ဒုတိယဥက္ကဋ္ဌတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝေထွန်းကပြောသည်။
ထားဝယ်အထူးစီးပွားရေး ဇုန်ကို အီတာလျံ ထိုင်းကုမ္ပဏီက စတင်အကောင်အထည်ဖော်ခဲ့ ခြင်းဖြစ်ပြီး ယင်းကုမ္ပဏီက ငွေ ကြေးအခက်အခဲကြောင့်စီမံကိန်း ရပ်ဆိုင်းခဲ့သည်။ နောက်ပိုင်း တွင် ဂျပန်နိုင်ငံကို ဆက်လက်ပါ ၀င်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်းနှင့် ပတ် သက်၍ တနင်္သာရီတိုင်းအစိုးရ အဖွဲ့နှင့် ဂျပန်အစိုးရအဖွဲ့တို့ ဒီ ဇင်ဘာအတွင်း ဂျပန်နိုင်ငံ၌ ဆွေးနွေးခဲ့ပြီး ဂျပန်နိုင်ငံက စိတ် ၀င်စားမှု မြင့်တက်မှုများရှိလာခဲ့ သည်ဟုဆိုသည်။ ထို့ကြောင့် ဂျ ပန်နိုင်ငံမှကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်၍ စီမံ ကိန်းအတွက် အသေးစိတ်ကို ဇန် န၀ါရီ ၂၈ ရက်တွင် ဆက်လက် ဆွေးနွေးမည်ဟု ဦးဖြိုးဝေထွန်းက ပြောသည်။
အဆိုပါထားဝယ်အထူးစီး ပွားရေးဇုန် စီမံကိန်းပြန်လည် စ တင်ရန် အစိုးရသစ်လက်ထက် တွင် ဖွဲ့စည်းခဲ့သည့် စီမံခန့်ခွဲမှု ကော်မတီသည် ဂျပန်နိုင်ငံနှင့် စတင်ဆွေးနွေးပြီးနောက် ဒုတိယ မြောက်အနေဖြင့် အီတာလျံ- ထိုင်းကုမ္ပဏီနှင့် ဆွေးနွေးခြင်းဖြစ် သည်။
ဇုန်စီမံကိန်းပြန်လည် စတင် ရာတွင်လည်း ယခင်အစိုးရနှင့် သဘောတူထားသည့်စီမံကိန်း အချို့မှ အပိုင်းများကို ပြန် လည်ပြင်ဆင်ဖွယ်ရှိကြောင်း ဦး ဖြိုးဝေထွန်းကဆိုသည်။ ထို့အပြင် စီမံကိန်းပြန်လည်စတင်မည့် ရက် ကို အတိအကျမသတ်မှတ်နိုင် သေးကြောင်း ၎င်းကပြောကြားသည်။
မြန်မာနိုင်ငံတွင် သီလ၀ါ အထူးစီးပွားရေးဇုန်၊ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ကျောက် ဖြူအထူးစီးပွားရေးဇုန်ဟူ၍ အထူး စီးပွားရေးဇုန်သုံးခုရှိသည်။ ယင်းတို့အနက် သီလ၀ါအထူး စီး ပွားရေးဇုန်သာစတင်လည်ပတ် နေပြီး ထားဝယ်အထူးစီးပွားရေး ဇုန်သည်လုပ်ငန်း ရပ်တန့်ထား ကာ ကျောက်ဖြူအထူးစီးပွားရေး ဇုန်မှာလည်း လုပ်ငန်း စတင်နိုင် ခြင်းမရှိသေးပေ။
Source : 7day Daily News
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments