ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် လုပ်ဆောင်နေ သည့် ရန်ကုန်ဗဟိုမီးပွိုင့်ထိန်းချုပ် ရေးစနစ် ပြီးစီးမည့်ရက်ကို မ သတ်မှတ်နိုင်သေးကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။
ဗဟိုမီးပွိုင့် ထိန်းချုပ်ရေး စနစ်ကို ၂၀၁၇ ဇန်န၀ါရီလကုန်ပြီး စီးရန် မျှော်မှန်းထားသော်လည်း လျှပ်စစ်မီးတိုင်များ ထိန်းညှိခြင်း အပါအ၀င် အဆင်မပြေမှုများရှိ နေ၍ ပြီးစီးမည့်ရက်ကို မသတ်မှတ်နိုင်သေးကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၄) ဒေါ်မေမေသွယ်ကပြောသည်။
‘‘ကျွန်မတို့ ညှိနေရတာတွေ နည်းနည်းများတယ်။ ဥပမာ လျှပ် စစ်မီးတိုင်တွေ မလွတ်တာ ပြန် မြှင့်ဖို့လိုတာတို့၊ အဲဒါတွေ ကျန် သေးတယ်။ သူတို့နှေးတာလည်း နှေးတာတစ်ပိုင်းပေါ့’’ဟု ဒေါ်မေ မေသွယ်က ဆိုသည်။
ဗဟိုမီးပွိုင့် ထိန်းချုပ်ရေး စနစ်ကို ယခင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရက ကျပ်ဘီလီယံ ၂၀ အကုန်အကျခံ အကောင်အထည် ဖော်ခဲ့ပြီး မတ်လ ၃၁ ရက်၌ ပြီးစီး ရန် သတ်မှတ်ခဲ့သော်လည်း ယ နေ့အချိန်အထိ ပြီးစီးနိုင်ခြင်းမရှိ သေးပေ။ ယင်းစီမံကိန်းကိုတရုတ်ကုမ္ပဏီ CRCC နှင့် ပြည်တွင်းရွှေ ယင်းကုမ္ပဏီတို့ ပူးပေါင်းလုပ် ဆောင်နေခြင်းဖြစ်ပြီး သြဂုတ် ၁ ရက် ပြီးစီးရန် ရက်ထပ်မံတိုးမြှင့်ပေးခဲ့သည်။
ယင်းကဲ့သို့ အချိန်ပေးသော် လည်း ပြီးစီးခြင်းမရှိ၍ အကောင် အထည်ဖော်လုပ်ဆောင်နေသည့် ဖက်စပ်ကုမ္ပဏီကို တစ်ရက်လျှင် ဒဏ်ငွေ ကျပ်တစ်သိန်းကောက်ခံ နေကြောင်း ကော်မတီဝင် (၄)က ရှင်းပြသည်။
ဒဏ်ကြေးငွေ တစ်ရက်ကျပ် တစ်သိန်းအစား ကျပ်သိန်းတစ်ရာ အထက် တိုးမြှင့်သတ်မှတ်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့က အစိုးရထံ တင်ပြဖူးပြီး တိုင်းဒေသကြီး လွှတ် တော်၌လည်း သတ်မှတ်ချိန်ထက် ကျော်လွန်နေ၍ နှောင့်နှေးကြန့် ကြာနေသည့်အကြောင်းရင်းကို အများပြည်သူသိရှိစေရေး ထုတ် ပြန်ကြေညာရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းကို မေးမြန်းခဲ့ဖူးသည်။
Source : 7day Daily News
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments