မြန်မာနိုင်ငံ၏အိမ်ရာဖွံ့ ဖြိုးရေးအတွက် တစ်နိုင်ငံလုံးတွင် ငါးနှစ်စီမံကိန်းဖြင့် အခန်းပေါင်း ၁ ဒသမ ၈ သန်းကို အကောင် အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ သတင်းရရှိသည်။
၂၀၁၆-၁၇ မှ ၂၀၂၀-၂၁အထိ ရန်ကုန်နှင့်မန္တလေးတို့တွင် အဓိကထားကာ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများအပါအဝင် ယင်းပမာဏကို တည်ဆောက်ရန်လျာထားကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ဆိုသည်။
ယခုရေးဆွဲထားသည့် အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းမှာ အစိုးရသစ်လက်ထက်တွင် ပထမဆုံးရေးခြင်းဖြစ်ကာ ယခင်အစိုးရ လက်ထက်က တည်ဆောက်ထားပြီး လက်ရှိ ရောင်းချလျက်ရှိသော အခန်းများ မပါဝင်ကြောင်း ညွှန်ကြားရေးမှူး ဒေါ်မီမီတင်ကဆိုသည်။
ရန်ကုန်နှင့် မန္တလေးတွင် စတင်အကောင်အထည်ဖော်ရန် မြေယာရှာဖွေမှုများပင် ပြုလုပ်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
အစိုးရသစ်က အိမ်ရာကဏ္ဍတွင် ပီပြင်စေရန် စီမံကိန်းကို အသေးစိတ်ရေးဆွဲထားခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ ရရှိသည့် ဘတ်ဂျက်ပေါ်မူတည်ပြီးအကောင်အထည်ဖော်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။
‘‘တန်ဖိုးအားဖြင့်သင့်တင့်တဲ့ အရည်အသွေးမီ အိမ်ခန်းများကို ဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာလည်းကောင်း၊ မန္တလေးမြို့မှာလည်းကောင်း၊အခြားမြို့မှာလည်းကောင်း၊ တန်ဖိုးသင့်တန်ဖိုးနည်း အိမ်ရာများကို ဖော်ထုတ်သွားဖို့ရှိပါတယ်’’ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ စီမံကိန်းမိတ်ဆက်ပွဲတွင် ထည့်သွင်းပြောကြား ခဲ့သည်။
ရန်ကုန်မြို့ကို ဦးစားပေးဆောင် ရွက်မည်ဖြစ်ကာ ငါးနှစ်အတွင်း အခန်းပေါင်း ၈,၀၀၀ ကျော်ဖော်ထုတ်မည်ဖြစ်ကြောင်း ဦးဝင်းခိုင်က ဆက်လက် ပြောကြားခဲ့ သည်။
‘‘အိမ်ရာစီမံကိန်းတွေ လုပ် မယ်ဆိုရင် ထိုင်းနိုင်ငံကို အတုယူ သင့်တယ်။ ဝယ်ယူလိုသူတွေကို ကာလရှည်ချေးငွေနဲ့ ချေးပေးပြီး တန်ဖိုးနည်းဆိုတဲ့ အိမ်ရာတွေကအထပ်နိမ့်ပြီး အဆင့်တန်းမြင့် တယ်’’ဟု မြို့ပြစီမံကိန်းပညာရှင် ဦးမြင့်မိုရ်ဆွေက သုံးသပ်သည်။
‘‘ထိုင်းနိုင်ငံရဲ့ တန်ဖိုးနည်း အိမ်ရာ အခန်းတစ်ခန်းဟာ စုစု ပေါင်း ၃၃၀ စတုရန်းပေရှိပြီး ဘက် စုံသုံးအခန်း (Multipurpose Room)ခေါ်တဲ့ အခန်းတစ်ခန်း၊ ရေချိုးခန်း၊ အိမ်သာခန်းနဲ့ ဝရန် တာပဲ ပါဝင်ပါတယ်။ အစိုးရ ထောက်ပံ့ငွေနုတ်ပြီး ရောင်းဈေး က ဘတ် ၃၉ သိန်း (မြန်မာငွေ ၁၁၇ သိန်း)လောက်ပဲရှိတယ်’’ဟု ဦးမြင့်မိုရ်ဆွေက နှိုင်းယှဉ်ပြောဆို သည်။
ထို့ကြောင့် အစိုးရအနေဖြင့် တန်ဖိုးနည်းအိမ်ရာများအကောင် အထည်ဖော်ပါက ထိုင်းနိုင်ငံကို အတုယူသင့်ကြောင်း ၎င်းက ဆို သည်။
Source:7 Daily
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments