လာမည့် ဖေဖော်ဝါရီတွင် ကျင်းပမည့် ရွှေစက်တော်ဘုရား ပွဲတော်၌ ယခင်နှစ်များကဲ့သို့ တည်းခိုဆောင် ဝါးတဲခများ အဆ မတန်မြင့်တက်ခြင်းမရှိစေရန် ထိန်းညှိ ဆောင်ရွက်မည်ဖြစ် ကြောင်း ရွှေစက်တော်ဘုရားဂေါ ပကအဖွဲ့မှ သတင်းရရှိသည်။
ယခင်နှစ်များက ရွှေစက် တော်ဘုရားပွဲတော်တွင် ဘုရားဖူး ဧည့်သည်များ စည်ကားချိန်၌တည်းခိုဆောင်ငှားရမ်းခများ ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းအထိ မြင့်တက်ခဲ့ခြင်းကြောင့် ဘုရားဖူး များ နေထိုင်တည်းခိုရေး အခက် တွေ့ ခဲ့သည်။
ယခင်ဂေါပကသည် ရွှေ စက်တော်ဘုရား တည်းခိုဆောင် တင်ဒါများ ခေါ်ရာတွင် ပွင့်လင်း မြင်သာမှုမရှိဘဲ အစိုးရအာဏာရှိ သူများ၊ ဂေါပကအဖွဲ့နှင့် နီးစပ်သူ များသာ တင်ဒါအောင်လေ့ရှိပြီး လုပ်ပိုင်ခွင့်ကို တစ်ဆင့်ပြန်လည် ရောင်းချခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်သည်ဟု လုပ် ငန်းရှင်များက ဝေဖန်ခဲ့သည်။
ယခုနှစ်တွင် အစိုးရသစ်က ရွှေစက်တော်ဘုရားဂေါပကအ သစ်ကို ၁၉ ဦးဖြင့် ဒီဇင်ဘာ ၁ ရက်က ဖွဲ့စည်းခဲ့ကြောင်း မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးနေမျိုးကျော် က ပြောသည်။
‘‘တည်းခိုဆောင်တွေက လူ စည်ကားတဲ့နေရာ၊ လူမစည်ကား တဲ့နေရာ အစားစားရှိနေတော့ ဂေါပကအဖွဲ့ကနေ ဘုရားဖူးဧည့် သည်တွေ သက်သာမယ့် အဆင် ပြေနိုင်တဲ့ ဈေးနှုန်းတွေ သတ်မှတ် ပေးသွားမယ်။ ဘက်ပေါင်းစုံက နေ ငွေကောက်ခံနေတဲ့ မောင်း တံဂိတ်တွေလည်း မထားတော့ ဘူး။ ဘုရားဖူးဧည့်သည်တွေ လုံ ခြုံရေးအတွက် မောင်းတံဂိတ်တစ် ခုတည်းပဲထားမယ်’’ဟု အသစ်ဖွဲ့ စည်းထားသည့် ရွှေစက်တော် ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့် သိန်းက ဆိုသည်။
တည်းခိုဆောင်တင်ဒါခေါ် ရာတွင် တင်ဒါတင်သူသည် စပေါ်ငွေ ကျပ်သိန်း ၃၀ တင်ရမည်ဖြစ် သကဲ့သို့ တင်ဒါရရှိသူမှာ အမှန် တကယ်လုပ်ငန်းလုပ်ကိုင်သူဖြစ် ရမည်ဖြစ်သည်။ တစ်ဆင့်ပြန် ရောင်းချခွင့်မရှိဘဲ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ မလိုက်နာပါက လုပ်ငန်းလုပ်ကိုင် ခွင့် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယခုနှစ် တည်းခိုဆောင် ဝါးတဲနေရာပေါ်မူတည်၍ ဈေး မကစားရန် ဂေါပကအဖွဲ့က နေ ရာအလိုက် ကျပ်နှစ်သောင်းမှ အ မြင့်ဆုံး ကျပ်သုံးသောင်းအထိ ဈေးနှုန်းများ သတ်မှတ်ထားမည် ဖြစ်ပြီး မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။
Source : 7Day Daily News
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments