တနင်္သာရီတိုင်းဒေသ ကြီးရှိ မြိတ်ကျွန်းစုဒေသများကို (ယူနက်စကို) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာစေရေး ဆောင် ရွက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအုန်းမောင်က ပြော ကြားသည်။
‘‘ကော့သောင်းနား အနီးတစ် ဝိုက်၊ ထားဝယ်နားအနီးတစ်ဝိုက် အဲဒီကျွန်းတွေကို ရွေးပြီးတော့မှ အသုံးချပြီး ကျန်နေတဲ့ ကျွန်းတွေ ကို ယူနက်စကိုရဲ့ အစီအစဉ်နဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲထည့် ပြီး ထိန်းသိမ်းထားလိုက်ရင် မကောင်းဘူးလားလို့ စဉ်းစားမိပါ တယ်’’ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အဆိုပါဒေသတွင် ကျွန်း ပေါင်းက ၈၀၀ ကျော်ရှိသဖြင့် ကျွန်းများအားလုံးကို အသုံးချရန် မဖြစ်နိုင်ဘဲ အသုံးချ၍ရနိုင်သည့် ကျွန်းများကိုသာ ခရီးသွားလုပ်ငန်း အတွက် အသုံးချမည်ဖြစ်ပြီး ကျန်ရှိသည့် ကျွန်းများကို အ ထက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်ရန် အစိုးရအဖွဲ့အစည်းအ ဝေးသို့ တင်ပြမည်ဟု ဆိုသည်။
လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသကို ယူနက်စကို စာရင်းဝင်ဒေသဖြစ်ရေး ဆောင်ရွက်နေပြီး နေရာဒေသတစ်ခုကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဆောင်ရွက်ရေးကိစ္စသည် အဆင့်ပေါင်းများစွာ ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သဖြင့် အချိန်တိုအ တွင်း ဆောင်ရွက်နိုင်သည့်ကိစ္စ မဟုတ်ကြောင်း ရှေးဟောင်း သုတေသနပညာရှင်အချို့က ပြောသည်။
မြိတ်ကျွန်းစုဒေသသည် သဘာဝအတိုင်း မပျက်စီးသေး သည့် ခရီးစဉ်ဒေသများအနက် တစ်ခုအဖြစ် နာမည်ကြီး၍ နိုင်ငံ ခြားဧည့်သည်များ စိတ်ဝင်စားမှု များသည့် ဒေသဖြစ်သည်။
၂၀၁၄ အတွင်း မြိတ်ကျွန်းစု များသို့ စက်တပ်ရွက်လှေများဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံ ခြားသားဧည့်သည် ၂,၅၆၂ ဦးရှိ ရာမှ ၂၀၁၅ တွင် ၃,၂၈၄ ဦးအထိ မြင့်တက်လာကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
Source : 7day Daily
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments