စက်ရုံအလုပ်သမားများ အတွက် တန်ဖိုးနည်းအိမ်ရာတည် ဆောက်ရန် စီမံကိန်းရေးဆွဲဆောင် ရွက်နေကြောင်း ရန်ကုန်တိုင်းဒေ သကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ရှင်များအသင်းနှစ်ပတ်လည် အ သင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားသည်။
‘‘အလုပ်သမားတွေရဲ့ ဘ၀ ကိုတည်ငြိမ်အေးချမ်းသွားစေဖို့ဆိုရင် နေစရာကိစ္စဖြစ်ပါတယ်။ ပြည်သူ့အိမ်ရာစီမံကိန်းတွေဖော် ဆောင်ဖို့ ဆောင်ရွက်နေပါတယ်’’ ဟု ၀န်ကြီးချုပ်က ပြောသည်။
ထိုသို့ နေထိုင်မှုအတွက် အ ဆင်ပြေပါက လုပ်ငန်းခွင်တွင် စွမ်းဆောင်ရည်များပိုမိုမြင့်မားလာနိုင် ကြောင်း ၀န်ကြီးချုပ်က သုံးသပ် သည်။
အလုပ်ရှင်၏ ထောက်ခံချက် ဖြင့် အိမ်ခန်းဝယ်ယူနိုင်မည်ဖြစ်ပြီး နှစ်ရှည်ငွေပေးချေခွင့်ရရှိမည်ဖြစ် ကာ အခန်းဖိုးအပြည့်အ၀ မပေး ချေဘဲ အလုပ်မှနုတ်ထွက်ပါက အခန်း ပြန်လည် အပ်နှံရမည်ဖြစ် ကြောင်း ၀န်ကြီးချုပ်က ပြောသည်။
ရန်ကုန်မြို့တွင် တန်ဖိုးနည်း အိမ်ရာစီမံကိန်း ၂၀ တည်ဆောက် ရန် စီမံကိန်းများရေးဆွဲနေပြီး အ ဆိုပါ အိမ်ရာစီမံကိန်းများဖော် ဆောင်ခြင်းကလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဟု ဆိုသည်။
ထိုသို့ ဆောင်ရွက်ရန်စီစဉ် ခြင်းသည် အလုပ်သမားအခွင့်အ ရေးအပြည့်အ၀ ရရှိရန် ဆောင် ရွက်ခြင်းဖြစ်ပြီး အဆိုပါအခွင့်အ ရေး အပြည့်အ၀ရရှိကြောင်း ဖော် ပြနိုင်ပါက အထည်ချုပ်လုပ်ငန်း များအတွက် အမေရိကန်၏ကုန် သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး GSP ရရှိနိုင်မည်ဟုဝန်ကြီးချုပ်က ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ သည် လူ့အခွင့်အရေးကို အပြည့် အ၀ဖော်ဆောင်နိုင်ခြင်း မရှိဟု နိုင်ငံတကာ၏ သုံးသပ်ချက်များ ကြောင့် ကုန်စည်တင်ပို့မှုများတွင် အခက်အခဲများရှိနေပြီး အထည် ချုပ်တင်ပို့မှုမှာ ထိခိုက်မှုအများဆုံး ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြော သည်။
သို့သော် မြန်မာနိုင်ငံသည် လူ့အခွင့်အရေးရရှိရန် အားကြိုး မာန်တက်ဖော်ဆောင်နေသည့် နိုင်ငံအဖြစ် နိုင်ငံတကာက သတ် မှတ်ထားကြောင်း ၀န်ကြီးချုပ်က ဆိုသည်။
ယခုအစိုးရသစ်လက်ထက် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန က တစ်နိုင်ငံလုံး၌ တန်ဖိုးနည်းအိမ် ရာအခန်းပေါင်း ရှစ်သိန်းခန့် တည်ဆောက်ရန် ရည်ရွယ်ထားသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ် စက်ရုံ ၄၃၀ ရှိပြီး အလုပ်သမား လေးသိန်းခန့်ဖြင့် လည်ပတ်နေ ကြောင်း အထည်ချုပ်လုပ်ငန်းရှင် များအသင်း၏ စာရင်းများအရ သိ ရသည်။
ှSource : 7day Daily
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments