ကားအရောင်းပြခန်းများဖွင့်လှစ်ရန် နေရာရှာဖွေမှုများ ပိုမိုများပြားလာ
ကားအရောင်းအ၀ယ်ဈေးကွက်
အားကောင်းလာခဲ့သည့် ယခုနှစ်ပိုင်းများအတွင်း
မော်တော်ကားအရောင်းပြခန်းဖွင့်လှစ်မှုများလည်း
မြို့နယ်အလိုက်များပြားလာခဲ့
ကာ ကားပစ္စည်းဆိုင်များ၊
ပြုပြင်ထိန်းသိမ်းရေးနေရာများနှင့် ကားနှင့်ဆက်စပ်ရာ
လုပ်ငန်းဆိုင်ခန်းများ
ဖွင့်လှစ်မှုများအတွက် မြေနေရာနှင့် ဆိုင်ခန်းနေရာများအတွက်
ရှာဖွေငှားရမ်းမှုများ
ပိုမိုတွေ့လာရကြောင်း အိမ်ခြံမြေ ဈေးကွက်အတွင်း လေ့လာ
စုံစမ်းမှုများအရ
သိရသည်။
စက်မှုလက်မှုပစ္စည်းများ၊
ယာဉ်ယန္တရားကြီးများ ရောင်းဝယ်ငှားရမ်းမှုများအတွက်
မြေနေရာရှာဖွေမှုများအတွက်
မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမတစ်လျှောက်
အငှားအရမ်းများဖြစ်ခဲ့ပြီး
ယန္တရားများ ၀င်ထွက်ရလွယ်ကူခြင်း၊ လမ်းပန်းဆက်
သွယ်ရေးအရ
ဝင်ထွက်သွားလာမှု လွယ်ကူခြင်းနှင့် မြို့တွင်း မြေနေရာများထက်
ငှားရမ်းခဈေး
ပိုမိုသက်သာခြင်းတို့ကြောင့် မင်္ဂလာဒုံမြို့နယ်အတွင်း၌ အငှားဈေး
ကွက် ပိုမိုဖြစ်ကြောင်း
အိမ်ခြံမြေအကျိုးဆောင်များမှ ပြောကြားသည်။
တောင်ဥက္ကလာပ၊
ရန်ကင်းနှင့် ဗဟန်းမြို့နယ်များတွင်လည်း ကားအရောင်းပြခန်း
များ ပိုမိုဖွင့်လှစ်လာလျက်ရှိနေပြီး
နေရာကောင်းမွန်၍ အချက်အခြာကျသည့်
ဗဟန်းမြို့နယ်
လမ်းသွယ်၊ လမ်းမများအတွင်း ဆောက်လက်စ ကား အရောင်းပြ
ခန်းများ
ဆောက်လုပ်နေခြင်းများကိုလည်း တွေ့နေရကာ အရောင်းပြခန်းဖွင့်လှစ်
ရန်အတွက်
နေရာရှာဖွေစုံစမ်းမှုများလည်း ရှိနေဆဲဖြစ်ကာ ပျှမ်းမျှအားဖြင့် နေရာ
အကျယ်အ၀န်းနှင့်
လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမှုအပေါ်မူတည်၍ သိန်း ၅၀
ဝန်းကျင်မှ
သိန်း ၁၀၀ ၀န်းကျင်အထိ အငှားဈေးရှိကြောင်း စုံစမ်းသိရှိရသည်။
Property Media Team
www.Property.com.mm
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments