ရန်ကုန်တိုင်း မြို့နယ်အချို့၌ အိမ်အငှားဈေးများ သက်သာနေပြီး
ပုံမှန်အငှားဈေးကွက်နှင့် ပုံမှန်ထက် လျော့နည်းခေါ်ဆိုလျက်ရှိ
ရန်ကုန်တိုင်းမြို့နယ်များအတွင်
နည်းပါးနေသေးသည့် အားလျော်စွာ လုံးချင်းနှင့် တိုက်ခန်းအငှားချထားလိုသူ
များလည်းများပြားနေသည့်အတွက် ရန်ကုန်တိုင်းမြို့နယ်အများစု
နှင့် တိုက်ခန်းအငှားများ အငှားခေါ်ဆိုဈေး လျော့ပေါ့ခေါ်ဆိုလာသည့် အခြေအနေ
တွေ့ရကြောင်း အိမ်ခြံမြေ အကျိုးဆောင်များမှ ပြောကြားချက်အရ သိရသည်။
အိမ်ရာသစ်များဖော်ဆောင်ခြင်း၊ ယခင်နှစ်များနှင့် ယခုနှစ်အတွင်း တည်ဆောက်
ခဲ့သော ကန်ထရိုက်တိုက်ခန်းသစ်များပါ မြို့နယ်များအလိုက် အတန်အသင့်ရှိ
နေခြင်း၊ အရောင်းအ၀ယ်ပါးသည့်အတွက် အိမ်ရှင်များအနေဖြင့် အိမ်ခန်းအငှား
ချထားလိုမှုများကြောင့် အိမ်ငှားခဈေးနှုန်းများမှာလည်း ယခုနှစ်အတွင်း သိသိ
သာသာ တိုးမြင့်မှု မရှိသည်ကို တွေ့ရပြီး အိမ်ရှင်အိမ်ငှား အဆင်ပြေသော ငှားရမ်း
ခနှုန်းထားဖြင့် ညှိုနှိုင်းအငှားဖြစ်မှုများကို ပိုမိုတွေ့ရကြောင်း၊ အိမ်ငှားများအနေဖြင့်
လည်း အိမ်ခန်းရှာဖွေရ ပိုမိုလွယ်ကူလာသည့် အခြေအနေရှိလာသဖြင့် ပြောင်း
ရွှေ့ငှားရမ်းနေထိုင်မှု လွယ်ကူအဆင်ပြေစေရန်အတွက် နှစ်ချုပ်ငှားရမ်းမှုများထက်
၆ လချုပ် ငှားရမ်းမှုများကို ပိုမိုတွေ့ရကာ သုံးလေးလ လပိုင်းခန့် ငှားရမ်းလာကြ
သည့် အိမ်ရှင်များကိုလည်းတွေ့ရပြီး အိမ်အငှားချထားလိုမှု များပြားလာသည့်
အတွက် တိုက်ခန်းများဆိုလျှင် အကျယ်အ၀န်း တည်နေရာအလိုက် အငှားခ
နှုန်းထားအပေါ်မူတည်ပြီး မူလခေါ်ဆိုဈေးထက် ၅ သောင်းမှ ၁ သိန်း ခန့်ထိ ဈေး
လျော့ပေါ့ အငှားဖြစ်မှုများ တွေ့ရကာ လုံးချင်းများအနေဖြင့်လည်း ၂ သိန်းမှ ငါးသိန်း
ခန့်အထိ ဈေးလျော့အငှားခေါ်ဆိုမှုများ တွေ့ရသည်ဟု အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်
သူ
"ဒီနှစ်ထဲမှာ အိမ်ဈေးတွေကလည်း အရောင်းအ၀ယ်အေးတော့ အငှားတွေပါ
ဈေးသက်သာတဲ့ ပုံစံမျိုးတွေ့ရတယ် မနှစ်က ၁ သိန်းဆို ဒီနှစ်လည်း ၁ သိန်းပါပဲ
သိသိသာသာ ဈေးတတ်တာမျိုး သိပ်မတွေ့ရဘူး လမ်းထဲတိုက်သစ်တွေလည်း
တော်တော်များများ ဖြစ်လာတော့ အခန်းတွေ မရှားတာလည်း ပါမယ် အငှား
ဈေးကတော့ ပုံမှန်အနေအထားပါပဲ စီးပွားရေးလုပ်လို့ကောင်းမယ့် နေရာကောင်း
အကွက်အကွင်းနေရာတွေဆိုရင်တော့ ဈေးပိုတာ ရှိမှာပေါ့ ယေဘုယျအားဖြင့်
ဆိုရင်တော့ အငှားဈေးတွေ သက်သာပါတယ်" ဟု တာမွေမြို့နယ်ရှိ အိမ်ခြံမြေ
အကျိုးဆောင်တစ်ဦးက ပြောသည်။
လုံးချင်းတိုက်ခန်းအငှား ဈေးကွက်အခြေအနေနှင့် ပတ်သက်ပြီး ဗဟန်းမြို့နယ်
သံလွင်လမ်းရှိ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတစ်
“အငှားတွေ ဈေးသက်သာတဲ့ အနေအထားပိုတွေ့ရပါတယ် ငွေတတ်နိုင်တဲ့သူတွေ
အနေနဲ့ကလည်း အရောင်းမဖြစ်သေးရင်တော့ ရတဲ့ဈေးနဲ့ ငွေပေါ်အောင် လုပ်ကြမှာ
ပဲပေါ့ အခုက နိုင်ငံခြားသားတွေလည်း အငှားများလာကြတော့ အိမ်ပိုင်အခန်းပိုင်
တွေအတွက် ကောင်းတဲ့အချိန်လို့ပြောလို့ရပါ
ကမာရွတ်၊ စမ်းချောင်း၊ တောင်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ တာမွေ၊ သာကေတဘက်
တွေမှာ အငှားတွေပိုဖြစ်တယ် မြန်မာပလာဇာလို အဆင့်မြင့်နေရာတွေမှာဆိုရင်တော့
အဲ့လိုနေရာတွေမှာတော့ တစ်စတုရန်းပေကို ၂ သိန်းခွဲ၊ View ကောင်း၊ နေရာကောင်း
ဆိုရင် ၃ သိန်းခွဲလောက်ထိ သူ့နေရာဈေးကွက်အလိုက် ခေါ်တဲ့နေရာတွေပေါ့ ရန်ကုန်
မြို့နယ် အများစုအိမ်ငှားဈေးကွက်ကို အကြမ်းဖျင်းသုံးသပ်ရရင်တော့ တစ်ချို့နေရာ
တွေမှာဆို နေရာအလိုက် ပုံမှန်နဲ့ ပုံမှန်ထက်လျော့နည်းတဲ့ အငှားလေးတွေဖြစ်တာ
တွေ့ရပါတယ်” ဟု Estate Myanmar Enterprise အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ
တာဝန်ခံတစ်ဦးဖြစ်သူ မရိုဇာမှ ပြောကြားသည်။
Property Media Team
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments