ရန်ကုန်မြို့၏ ဒုတိယ မြောက် ညဈေးကို ဗိုလ်တထောင်မြို့နယ်ရှိ ၅၂ လမ်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
‘‘ရန်ကုန်မြို့မှာ ညဈေးဖော်ဖို့ ခြောက်ခုလောက်လုပ်ဖို့ သတ် မှတ်ထားတယ်။ အဓိကနေရာ သတ်မှတ်ဖို့ ခက်ခဲနေတာ။ ဒါ ကြောင့် အခုနေရာတွေ လိုက် ကြည့်နေရတယ်’’ဟု ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက 7Day Daily အား ပြောသည်။
ဒုတိယမြောက် ညဈေးကို နေရာအဆင်သင့် ဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။
ရန်ကုန်မြို့တွင် ပထမဦးဆုံး ညဈေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဦးစီးဖော်ဆောင်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်း၌ နိုဝင်ဘာ ၂၃ ရက် ညတွင် ဖွင့်လှစ် ခဲ့သည်။
ယခု ညဈေးတန်းကို ကမ်း နားလမ်းတစ်လျှောက် မဟာဗန္ဓု လပန်းခြံလမ်းနှင့် ဘဏ်လမ်းတို့ တွင် အကောင်အထည်ဖော်ထား ခြင်းဖြစ်ပြီး ဈေးသည်များ အသုံး ပြုနိုင်ရန် ရေ၊ မီး၊ အမှိုက်သန့်ရှင်း ရေး၊ ရေအိမ်သာတို့ စီစဉ်ပေး ထားကာ ညနေ ၃ နာရီမှ ည ၁၁ နာရီအထိ ရောင်းခွင့်ပြုထားခြင်း ဖြစ်သည်။ အထက်ပါ ညဈေး သည် မီးနှင့်ရေသွယ်တန်းခြင်း၊ လမ်းဘေးမီးတိုင်များ ထားရှိခြင်း၊ လုံခြုံရေးကင်မရာများ တပ်ဆင် ခြင်း စသည်တို့အတွက် ကျပ်သိန်း ငါးထောင်ခန့် ကုန်ကျခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။
မြို့တွင်းမြို့နယ်လေးခုတွင် လမ်းဘေးဈေးသည် ခြောက် ထောင်ကျော်ရှိသော်လည်း ယခု ဖွင့်လှစ်ထားသည့် ကမ်းနားလမ်း ညဈေးတန်းမှာ ဈေးသည် တစ် ထောင့်ခြောက်ရာကျော်အတွက် သာ နေရာရှိ၍ သစ်သီးသည်နှင့် စားသောက်ဆိုင်တို့ကို ဦးစားပေး နေရာချခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင်းမြို့နယ် လေးခုရှိ အဓိကလမ်းမကြီး ၁၁ ခုပေါ်တွင် ဈေးရောင်းချနေသည့် လမ်းဘေးဈေးသည်များကို နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရန်နှင့် ပြောင်းရွှေ့ခြင်းမရှိပါက ဒီဇင်ဘာ ၁ ရက်မှ စတင်၍ စည်ပင်ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြေ ညာထားသည်။
Source : 7day Daily
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments