ဟောင်အင်းဂရီလာ
အဆိုပါစီမံကိန်းမှာ စီးပွားရေးလုပ်ငန်းရှင်များ ငှားရမ်းနိုင်တဲ့ နေရာများ၊ ရုပ်ရှင်ရုံ၊ ရှော့ပင်းစင်တာ၊ ဖျော်ဖြေ ရေးစင်တာ၊ အခန်းပေါင်း ၃၆၀ ပါဝင်တဲ့ လူနေတာဝါ နှစ်လုံး၊ အခန်းပေါင်း ၆၇၄ ခန်း ပါဝင်တဲ့ လူနေတာဝါ သုံးလုံးတို့ ဆောက်လုပ်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
ဟောင်အင်းဂရီလာဂရု(ပ်)အနေနဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ သိန်း ၄၄၀ လာရောက် ရင်းနှီးမြှုပ်နှံ ဆောက်လုပ် အကောင်အထည်ဖော်နေတာဖြစ်ပြီး လက်ရှိမှာ
တော့ မြန်မာပလာဇာနဲ့ လူနေအိမ်ခန်းတွေကို စတင်ငှားရမ်း အသုံးပြုခွင့်ပေးထားပြီး ဖြစ်ပါတယ်။
Source: Kumudra