ခွင့်ပြုချက်မဲ့ ကျော်လွန် တည်ဆောက်သည်ဟု ဆိုကာ ဒဏ်ကြေးငွေကျပ်သိန်းနှစ်သောင်းကျော်ဒဏ်ရိုက်ခံခဲ့ရသည့် ဆူးလေစကွဲ စီမံကိန်းသည် ဒဏ်ကြေးပေးဆောင်ပြီးဖြစ်၍ လူနေထိုင်ခွင့် ထောက်ခံချက် BCCထုတ်ပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
ဒဏ်ကြေးငွေကျပ်သိန်းနှစ် သောင်းကျော်ကို ဒဏ်ရိုက်ခံရ သည့် ကုမ္ပဏီက အောက်တိုဘာ လကုန်တွင် ပေးသွင်းပြီးသောကြောင့် လူနေထိုင်ခွင့်ထောက်ခံချက်ကို ထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။ဆူးလေစကွဲသည် YCDC၏ ပါမစ်ကြီး(နောက်ဆုံးခွင့်ပြုချက်) နှင့် BCC နှစ်ခုလုံးရရှိထားပြီးဖြစ်သောကြောင့် ဒီဇင်ဘာလဆန်းတွင်ဆိုင်ခန်းများစတင်ဖွင့်လှစ်ရောင်းချနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
တစ်စတုရန်းပေလျှင် မြန် မာငွေကျပ် ၁၅,၀၀၀ကျော်ဖြင့် တွက်ချက်ဒဏ်ရိုက်ခြင်းခံရသည့် ဆူးလေစကွဲအထပ်မြင့်စီမံကိန်း သည် ရန်ကုန်ရှိ အထပ်မြင့်စီမံ ကိန်းများဒဏ်ရိုက်ခံရမှုတွင် ပမာ ဏ အများဆုံး ဖြစ်နိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က သုံးသပ်သည်။
၂၃ထပ်အမြင့်ရှိ ဆူလေးစ ကွဲစီမံကိန်းတွင် သတ်မှတ်ထား သည့် အထပ်အရေအတွက်ပိုမို နေခြင်းနှင့် အဆောက်အအုံအ တွင်း အခြားသတ်မှတ်ချက်များ ပိုလွန် တည်ဆောက်မှုများရှိနေ သောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စက်တင်ဘာလဆန်းက ဒဏ်ရိုက်ရန် စစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။ ရန်ကုန်မြို့တွင် ဆူးလေစကွဲကဲ့သို့ အချို့အထပ်မြင့်အဆောက်အအုံများ၌လည်း အထပ်အရေအ တွက် ပိုနေခြင်း၊ အခြားသတ်မှတ် ချက်များကျော်လွန်တည်ဆောက် နေသည့် အထပ်မြင့်များရှိနေ ခြင်းကြောင့် ဆက်လက်စစ်ဆေး မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source : 7day Daily
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments