09-261334475

ပရီကတ်စနစ် ပြည်တွင်းမှာ တွင်ကျယ်လာဖို့ဆိုရင်...

အချိန်ကုန်သက်သာတဲ့ ကြိုတင်အားဖြည့်ကွန်ကရစ်စနစ်နဲ့ ဆောက်လုပ်တဲ့ ပရီကတ် (precast) စနစ် အောင်မြင်လာဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ ပုံစံဒီဇိုင်းတူညီတဲ့အဆောက်အအုံအရေအတွက် များများ ဆောက်လုပ်အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းက သိရပါတယ်။

“ပရီကတ်စနစ်က ပုံမှန်စနစ်နဲ့ စာရင်အချိန်ကုန်တာများတယ်၊ အဆောက်အအုံ အရေအတွက် များများကို တစ်ပြိုင်တည်း ဆောက်နိုင်တယ်၊ အဆောက်အအုံ တစ် လုံးချင်းအလိုက် ကုန်ကျစရိတ်တွက်ရင် ၂၀ ရာခိုင်နှုန်းလောက်ဈေး ကြီးပေမဲ့ အရေအတွက်များများနဲ့ labour အတွက် ကုန်ကျစရိတ်နဲ့ယှဉ်ရင် ဈေးသက်သာနိုင်ပါတယ်”လို့ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်း ရှင်များအသင်းက ဗဟိုအလုပ်အမှု ဆောင် (၃) ဦးတင်အောင်မြင့်က ပြောပါတယ်။

သာမန်စနစ်ထက် အချိန်ကုန် ထက် ဝက်လောက်သက်သာသလို labour အသုံးပြုရတဲ့အရေအတွက်လည်း ပိုနည်းပါတယ်။ သာမန် ခြောက်ထပ်အဆောက် အအုံတွေမှာ ဆောက်လုပ်ချိန်တစ်နှစ်ဝန်း ကျင်လောက်ကြာမြင့်ချိန်မှာ ပရီကတ်စနစ် ကတော့ သုံးလလောက်နဲ့ ဆောက်လုပ်ပြီး စီးနိုင်ပါတယ်။ ပုံစံတူများ များဆောက်လုပ်ရင် အောင်မြင်လာနိုင်တဲ့စနစ် တစ်ခု ဖြစ်လို့ အစိုးရအနေနဲ့ pilot project တွေမှာ ထည့်သွင်းအသုံးပြုမယ်ဆိုရင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ ကုန်ကျ စရိတ်သက်သက်သာသာနဲ့ သည်နည်းပညာကို အသုံးပြုခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။

သည်စနစ်ကတော့ မြေအကျုံ့အဆန့် ပြုလုပ်နိုင်တဲ့ pre -trust စနစ်ကွန်ကရစ်ဘလောက်တုံးတွေကို အသုံးပြုပြီး ဆောက်လုပ်တာနဲ့ တစ်ခါတည်းပုံစံမိုလောင်းလို့ရတဲ့ မိုခွက်တွေမှာ တစ်ခါတည်း compound တွေ ပါဝင်တဲ့ ဘိလပ်မြေနဲ့ ဆောက် လုပ်လို့ရတဲ့ ပရီကတ်စနစ်ပုံစံ နှစ်မျိုးရှိပါတယ်။ သူ့ရဲ့အားသာချက်ကတော့ အချိန်မြန်မြန်နဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

အစိုးရက ယခုလက်ရှိမှာတော့ မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဧရာဝဏ်နဲ့ ရတနာအိမ်ရာစီမံကိန်းနဲ့ စည်ပင်သာ ယာရေးကော်မတီက ဗိုလ်ဗထူးအိမ်ရာစီမံ ကိန်းတွေကို ပရီကတ်စနစ်အသုံးပြုပြီး ဆောက်လုပ်ထားတာတွေ့ရပါတယ်။

ပြည်တွင်းမှာတော့ သည်လိုနည်းပညာကိုအသုံးပြုပြီး ထုတ်လုပ်မယ့် စက်ရုံတွေ ဆောက်လုပ်ဖို့ အားနည်းတာကြောင့် ပြည်ပက ဝင်ရောက်ဖို့ရှိတဲ့ ကုမဏီတွေကို လာ
ရောက်လုပ်ကိုင်ဖို့ ကမ်းလှမ်းထားတာတွေ ရှိတယ်လို့ သိရပါတယ်။

Source: Kumudra

Facebook comments