09-261334475

ကန်ထရိုက်တိုက်ခန်းတွေ အရောင်းရော အငှားပါ ဆက်တိုက် ကျဆင်းနေ

၂၀၁၄ ခုနှစ်နောက်ပိုင်း မြို့တွင်းနဲ့ ဆက်စပ်မြို့နယ်တွေမှာ ဆောက်လုပ်အကောင်အထည်ဖော်ထားတဲ့ အကျိုးတူ ကန်ထရိုက်တိုက်ခန်းဈေးနှုန်းတွေက အရောင်းရော အငှားဘက်မှာပါ ဈေးတွေ ကျဆင်းနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် အချို့ထံက သိရပါတယ် ။

‘အရောင်းကတော့ ၂၀၁၅ နှစ်စကတည်းက အဝယ်မရှိဘဲ အေးနေတာ ၊ အခုကျတော့ အငှားဈေးတွေကလဲ ပုံမှန်ဈေးထက် ကျပ် ၂၀,၀၀၀ လောက်ကျလာတယ် ၊ တိုက်ခန်းတွေ
အားလုံး အငှားမရှိဘဲ ပိတ်ထားရတာတွေ ရှိလို့ အဆောင်ငှားထားတာတွေ ရှိတယ်’လို့ တောင်ဥက္ကလာပ မြို့နယ်က အိမ်ခြံမြေအကျိုးဆောင် ကိုအောင်ပိုင်က ပြောပါတယ် ။

တောင်ဥက္ကလာပမြို့နယ်က တိုက်ခန်းဈေးနှုန်းတွေကတော့ ကျပ် ၈၀,၀၀၀ ဝန်းကျင်ကနေ အခန်းအကျယ်ပေါ်မူတည်ပြီး ကျပ် သုံးသိန်းဝန်းကျင်လောက်အထိ ဈေးရှိပါတယ် ။ မြေညီထပ်တိုက်ခန်းဈေးနှုန်းတွေကတော့ အနိမ့်ဆုံးကျပ် ၁၂၀,၀၀၀ လောက်အထိ ဈေးရှိပါတယ် ။ 

အဓိက ဈေးကျဆင်းလာတဲ့ တိုက်ခန်းအငှားနေရာတွေကတော့ မြေညီထပ်နဲ့ ဒါဘာတိုက်ခန်းတွေ ဖြစ်ပါတယ် ။
အငှားဈေးကွက်အတွင်းမှာတော့ မိသားစုလိုက် အငှားနေတဲ့သူတွေထက် နယ်က လာရောက်နေထိုင်သူနဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် အဆောင်အငှားတွေ ပိုအလုပ်ဖြစ်ပါ
တယ် ။ 

အရောင်းဈေးကွက်ကျဆင်းနေပါတယ် ။ တိုက်ခန်းအဝယ်တွေအတွက် ရွှေးချယ်စရာအရစ်ကျ တိုက်ခန်းတွေပါရှိပြီး ငါးနှစ်လောက်အထိ အရစ်ကျဝယ်ယူနိုင်မယ့် အခန်းတွေ ရှိပါတယ် ။
‘ဈေးကွက်အားလုံး အကျတွေချည်းပဲ ၊ အရောင်းအဝယ်လိုက်လာတဲ့ နေရာတွေက ဈေးတွေကလဲ မတက်ဘူး ၊ ပုံမှန်အတိုင်းနဲ့ပဲ အဝယ်ရှာကြတယ်’ လို့ ကိုအောင်ပိုင်ကပဲ ပြောပါတယ် ။

လက်ရှိအရောင်းအဝယ်ပြန်ဖြစ်နေတဲ့ မြို့နယ်တွေကတော့မြို့သစ်ဘက်က တန်ဖိုးနည်းမြေကွက်တွေနဲ့ ရန်ကင်းမြို့နယ်က မြေကွက်တချို့ကို စိတ်ဝင်စားမှုရှိနေကြပါတယ်။

Source: The Kumudar

Facebook comments