အင်းတကော်ပတ်ဝန်းကျင်မြေကွက်များ စိတ်ဝင်စားသူများရှိ/ အရောင်းခေါ်ဆိုမှုများရှိနေ
သြဂုတ်၊ စက်တင်ဘာလပိုင်းများအတွင်း ရန်ကုန်တိုင်းမြို့နယ်များရှိ အိမ်ခြံမြေ
တိုက်ခန်း အရောင်းအ၀ယ်ဈေးကွက်အနည်းငယ် လှုပ်လာခဲ့သည့် အခြေအနေ
တွေ့ရကာ နယ်ဈေးကွက်အနေအားဖြင့်လည်း ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်
ရေး ကောင်းမွန်သော မြို့များနှင့်နီးစပ်ရာ အဝေးပြေးလမ်းမတစ်လျှောက် ခြံမြေ
ဈေးများ ကောင်းမွန်နေခဲ့ကြောင်း သိရသည်။
အရောင်းခေါ်ဆိုသူ များပြားမှုနှင့် အ၀ယ်လိုက်မှု ပိုမိုကောင်းမွန်သော အိမ်ခြံမြေ
ဈေးကွက်အနေအားဖြင့် နေပြည်တော်နှင့် ပတ်ဝန်းကျင် ဈေးအသင့်အတင့်
မြေကွက်များ၊တစ်ထပ်ပျဉ်ထောင် လုံးချင်းများ၊ ဆိုင်ခန်းအရောင်းအငှားများ
ဈေးကွက် ကောင်းမွန်ဖြစ်ထွန်းမှုများရှိခဲ့ကြောင့် လေ့လာစုံစမ်းသိရှိရပြီး
ပဲခူးမြို့နယ် အင်းတကော် ပတ်ဝန်းကျင်ဒေသများ၌လည်း ဥယျာဉ်ခြံမြေအချို့နှင့်
မြေကွက်များ အရောင်းအ၀ယ်ဈေးကွက်အား စိတ်ဝင်တစား လာရောက်လေ့လာကြ
သူများရှိနေကြောင်း ဒေသခံအချို့နှင့် အကျိုးဆောင်များမှပြောကြားချက်အရ သိရသည်။
“အင်းတကော်ဘက်ရယ် ထုံးကြီး၊ က၀၊ ကမ်းနီရွာဘက်တွေမှာ ဥယျာဉ်ခြံတွေ
စိုက်ပျိုးလုပ်ကိုင်သူများတယ် ပဲခူးဘက်ကလူတွေနဲ့ ရန်ကုန်ဘက်ကလူတွေ
လာကြည့်ကြတာတွေ တချို့တွေ့ရတယ် အရောင်းအ၀ယ်တွေကတော့ ဒီဘက်မှာ
လာဝယ်ကြတဲ့သူတွေက ၀ယ်ရောင်းသဘောမျိုး ရင်းနှီးမြှုပ်နှံထားချင်တာရော
နေရာကြိုက်လို့ လာကြည့်ကြတာတွေရောပေါ့ အရင်နှစ်တွေတုန်းက
ပဲခူးနားမှာ မြေကွက်တွေ အရောင်းအ၀ယ် တော်တော်လေးဖြစ်ခဲ့တဲ့ အချိန်တုန်းက
ဆိုရင် အင်းတကော်ဘက်မှာလည်း ဈေးလေးတွေမြောက်လာတာရှိတယ်
ခုလတ်တလောမှာတော့ အင်းတကော်တာဆုံပတ်ဝန်းကျင်တွေမှာ မြေကွက်
အရောင်းခေါ်တာတွေ တွေ့ရပါတယ် ဈေးကတော့ သိန်းနှစ်ရာကျော်ကနေ လေးရာ
/ငါးရာစသဖြင့်ပေါ့ အဲဒီဘက်မှာက စိုက်ပျိုးရေးဖြစ်ထွန်းတော့ ခြံတွေအများစု
က သီးပင်စားပင်တွေ တော်တော်များများ ရှိတယ် သရက်၊ အုန်း၊ နာနတ်၊ မရမ်း
စသဖြင့်ပေါ့ ရန်ကုန် - ပဲခူးလမ်းမတန်းတွေကတော့ လတ်တလောအရောင်းအ၀ယ်
သိပ်မကြားမိပါဘူး အငှားအရမ်းလောက်ပဲတွေ့ရပါတယ် ဈေးကွက်အနေအထား
က အရောင်းအ၀ယ်ဈေးကွက်ကောင်းတဲ့ အခြေအနေတော့ မဖြစ်သေးဘူးပေါ့
ပဲခူးဘက် လေဆိပ်စီမံကိန်းတွေ အကောင်အထည်ဖော်လာပြီးနောက်ပိုင်းဆိုရင်
ဈေးကွက်ပိုကောင်းလာမယ်လို့ ထင်ပါတယ်” ဟု ပဲခူးဒေသခံ အိမ်ခြံမြေ
အကျိုးဆောင်တစ်ဦးက Property.com.mm သို့ ပြောကြားသည်။
အင်းတကော်ပတ်ဝန်းကျင်ဒေသသည် ပဲခူးရိုးမတောင်စွယ်တောင်ကုန်းများနှင့်ဆက်စပ်
တည်ရှိနေသောကြောင့် ရာသီဥတုအေးချမ်းသာယာပြီး လမ်းပန်းဆက်သွယ်ရေး
အနေအားဖြင့်လည်း ပဲခူး - ရန်ကုန်ကားလမ်းမအနီးတည်ရှိသောကြောင့် ကုန်သွယ်
ကူးသန်းရောင်းဝယ်မှုစီးပွားလုပ်ငန်းများ အတန်ငယ် ကောင်းမွန်ဖွံ့ဖြိုးသော ဒေသ
တစ်ခုဖြစ်သည်။ ယခုလ စက်တင်ဘာ နောက်ဆုံးပတ်အတွင်း၌ပင် မော်တော်ယာဉ်လိုင်း
သစ်တစ်ခုအကောင်အထည်ဖော်ခဲ့ပြီး ပဲခူး - တက္ကသိုလ် - အင်းတကော် - က၀ - အုန်းနှဲ
- သက္ကလ ဘက်သို့ ယာဉ်လိုင်းသစ် တိုးချဲ့ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
Property Media Team
www.Property.com.mm
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments