လာမည့်လေးနှစ်တာကာလအတွင်းဆောက်လုပ်ရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုတွင်
အမေရိကန်ဒေါ်လာ ၁၃
ဘီလီယံကျော်ရှိလာမည်ဟု CIC ခန့်မှန်း
လာမည့်လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌
ရင်းနှီးမြှုပ်နှံမှုများ တိုးတက်
လာခြင်းနှင့်အတူ
ဆောက် လုပ်ရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုတွင်အမေရိကန်ဒေါ်လာ
၁၃ ဘီလီယံ ကျော်ရှိ
လာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ အစီရင်ခံ
စာပြုစုရေးအဖွဲ့
(Timetric's Construction IntelligenceCenter-CIC) အစီရင်
ခံစာပြုစုသူ Mr.Danny
Richards ထံမှ သိရသည်။ပြီးခဲ့သည့်ငါးနှစ်တာကာလ
အတွင်းကအိမ်ရာအဆောက်အအုံကဏ္ဍ
ရင်းနှီးမြှုပ်နှံမှုများသည် ကြီးမားသည့်
ဈေးကွက် တစ်ခုဖြစ်ခဲ့ပြီး
၂ဝ၁၅ ခုနှစ်အတွင်း က ဈေး ကွက်တန်ကြေး ၄၉ ဒသမ
၉
ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
အခြေခံအဆောက်အဦ
လိုအပ်ချက်ဈေးကွက်ရှိနေမှုကြောင့် ဒုတိယအကြီးဆုံး
ရင်းနှီးမြှုပ်နှံ
မှုဖြစ်လာနိုင်ပြီး အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် သုံးစွဲရမည်ဟု
ခန့်မှန်းထားသည်။
တစ်နိုင်ငံ လုံးအတိုင်းအတာအရ အရေးတကြီးချမှတ်ထားသော
၂ဝ၃ဝ ပြည့်နှစ် Master Plan
အတွက်နိုင်ငံတော် အစိုးရ အနေဖြင့် အမေရိကန်
ဒေါ်လာ ၂၆ ဒသမ ၈
ဘီလီယံအထိလျာထားသတ်မှတ်ထားသည်။
လက်ရှိအခြေအနေအရ
မြန်မာနိုင်ငံ၏ဆောက်လုပ်ရေးကဏ္ဍသည် ၂ဝ၁၅ ခုနှစ်
နှစ်ကုန်ပိုင်းတွင်
အမေရိကန်ဒေါ်လာ ၈ဒသမ ၂ ဘီလီယံခန့် တန်ကြေး ရှိပြီး
နှစ်စဉ်၁ဝ ဒသမ ၃၇
ရာခိုင်နှုန်းအထိ တိုးတက်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏
အိမ်ရာအဆောက်အအုံကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း
၂၂ ခုကို
ခွင့်ပြုပေးထားပြီး စင်ကာပူနိုင်ငံမှစီမံကိန်း ၁၇ ခု (ကာလတန်ဖိုး အမေရိကန်
ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်)
ဖြင့်အများဆုံးလုပ်ကိုင်ခွင့်ရရှိထားကြောင်း
သိရသည်။
မြန်မာနိုင်ငံ၏
အိမ်ခြံမြေကဏ္ဍ၌နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂ဝ၁၃-၂ဝ၁၄
ဘဏ္ဍာနှစ်တွင်
အမေရိကန်ဒေါ်လာ၄၄ဝ ဒသမ ၅ သန်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ
နှစ်တွင် အမေရိကန်ဒေါ်လာ ၇၈ဝ
ဒသမ၇ သန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ၇၂၈
ဒသမ ၆၈ သန်း
အသီးသီးရှိခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏
၆၅ရာခိုင်နှုန်းခန့်သည် PowerOilနှင့်Gas လုပ်ငန်း
များမှဖြစ်ပြီး
ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်ခြံမြေကဏ္ဍတစ်ခုလုံး၌၅ ရာခိုင်နှုန်း
ပမာဏသာရှိပြီး
လာမည့်နှစ်များတွင် တိုးတက်လာဖွယ်ရှိကြောင်း သိရသည်။
Source: Myawady