မွန်ပြည်နယ်၌ အခန်းပေါင်း ၂ဝဝဝ ကျော်ပါဝင်သည့် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်မည်
မွန်ပြည်နယ်အစိုးရအဖွဲ့က အခန်းပေါင်း၂ဝဝဝ ကျော် ပါဝင်မည့် တန်ဖိုးသင့်အိမ်ရာများကို
လာမည့်နှစ်အတွင်း
တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆိုပါ အစိုးရအဖွဲ့ တာဝန်ရှိသူ
တစ်ဦးထံမှသိရသည်။
''မွန်ပြည်နယ်က ပြည်သူတွေ နေထိုင်ရေး အဆင်ပြေစေဖို့ အိမ်ရာတွေ
တည်ဆောက်ပြီး
အခန်းရောင်းချပေးရာမှာ အရစ်ကျပေးသွင်းတဲ့ စနစ် ဒါမှမဟုတ်
ဈေးနှုန်းကို လျှော့ချပြီး
ရောင်းချမယ်ဆိုတဲ့ နည်းလမ်းနှစ်မျိုးထဲက တစ်မျိုး ကို
ရွေးချယ်အသုံးပြုပြီး ရောင်းချပေးသွားမှာပါ''
ဟု ၎င်းကပြောသည်။
အဆိုပါအိမ်ရာများကို တည်ဆောက်ရာတွင် သံဖြူဇရပ်မြို့နယ်
ဖောင်စိန်ကျေးရွာ၌ အိမ်ခန်း
ပေါင်း ၁ဝဝဝ ပါဝင်သော တန်ဖိုးသင့် အိမ်ရာစီမံကိန်း တစ်ခုနှင့်
ကျိုက်မရောမြို့နယ် မင်းရွာ
ကျေးရွာ၌ အိမ်ခန်းပေါင်း ၁ဝဝဝ ပါဝင်သော အိမ်ရာစီမံကိန်း တစ်ခုကို တည်ဆောက်မည်
ဖြစ်သည်။ တန်ဖိုးသင့် အိမ်ရာများမှ အခန်းများကို အခြေခံ
လူတန်းစားများ အတွက် အဓိက
ရောင်းချသွားမည်ဖြစ်ပြီး ပန်းခြံများ၊ အနားယူနိုင်သည့်
နေရာများနှင့် ကားပါကင်များ ထည့်သွင်း
တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
Source: မြ၀တီ
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments