09-261334475

တောင်ဒဂုံမြို့နယ်အတွင်း ကျူးကျော်စာရင်း ကောက်ယူရာတွင် မသမာမှုများရှိဟုဆို

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ ကျူးကျော်နေထိုင်သူ များ စာရင်းကောက်ခံရာတွင် အုပ်ချုပ်ရေးပိုင်းက ကျူးကျော်မဟုတ် သူများအား ကြိုတင်စလစ်ထုတ်ပေးမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

 ရန်ကုန်တိုင်းဒေသကြီးအ တွင်း ကျူးကျော်နေထိုင်သူမရှိစေ ရေးစီမံချက်၏ ရှေ့ပြေးစီမံချက် (Pilot Project)အဖြစ် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ကစ၍ ကျူး ကျော်စာရင်းကောက်ခံမှုကို စက်တင်ဘာ ၂ ရက်က စတင်လုပ် ဆောင်ပြီး အုပ်ချုပ်ရေးပိုင်းမှ ကြိုတင်စလစ်ထုတ်ပေးရာတွင် အ ခွင့်အရေးယူမှုများ ဖြစ်ပေါ်နေ ကြောင်း ယင်းမြို့နယ်၏ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောကြားသည်။


‘‘အုပ်ချုပ်ရေးပိုင်းက ည ဘက်တွေမှာ ကြိုတင်စလစ်ထုတ် ပေးထားတယ်။ အဲဒီမှာ အခွင့်အ ရေးယူ လုပ်ဆောင်တာတွေရှိ တယ်။ လက်သင့်ရာကို စလစ် ထုတ်ပေးနေတာတွေ ရှိတယ်။ သေချာတာကတော့ တကယ် တမ်းစာရင်းကောက်တဲ့အချိန်မှာ စာရင်းမှန်ကန်မှုမရှိတာကို တွေ့ ရတယ်’’ဟု ၎င်းကဆိုသည်။

ကျူးကျော်စာရင်းကောက်ခံ ရာတွင် အုပ်ချုပ်ရေးပိုင်းက ကျူး ကျော်ပြည်သူများအား ထုတ်ပေး ထားသော စလစ်များဖြင့် စာရင်း ကောက်ခံရေးအဖွဲ့ထံ နာမည်စာ ရင်းသွင်းခြင်း၊ လက်ဗွေရာနှိပ် ခြင်း၊ ဓာတ်ပုံအရိုက်ခံခြင်း စသည့်အဆင့်များ လုပ်ဆောင်ပြီးနောက် စမတ်ကတ်ထုတ်ပေးနေခြင်းဖြစ် သည်။

‘‘ကြိုတင်စလစ်ထုတ်ပေးတဲ့ ကိစ္စက မူလဆွေးနွေးတုန်းက မပါ ဝင်ခဲ့ဘူး။ အခု အုပ်ချုပ်ရေးပိုင်းက ထုတ်ပေးတဲ့ စလစ်တွေနဲ့ ကျူး ကျော်စာရင်းသွင်းနေရတယ်။ အ ခွင့်အရေးယူတဲ့ ကျူးကျော်တွေ စာရင်းမှာပါပြီး အမှန်တကယ် ကျူးကျော်ပြည်သူတွေ ကျန်ခဲ့မှာ တောင် စိုးရိမ်တယ်’’ဟု လွှတ် တော်ကိုယ်စားလှယ် ဦးညီညီက ဆိုသည်။

 လက်ရှိ ကျူးကျော်စာရင်း ကောက်ခံခြင်းသည် နောက်ဆုံး အကြိမ်ဖြစ်ပြီး စာရင်းကောက်ခံမှု တွင် ပါဝင်သော ကျူးကျော်ပြည် သူများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က နေစရာနှင့် အလုပ်အကိုင်များ ဖန်တီးပေးမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

‘‘လက်ရှိ အခြေအနေတွေကို  ဝန်ကြီးချုပ်ကို တင်ပြသွားမယ်။ တောင်ဒဂုံမြို့နယ်ပြီးရင် တခြား မြို့နယ်တွေမှာရှိတဲ့ ကျူးကျော် တွေကို စာရင်းဆက်ကောက်ခံပါ လိမ့်မယ်။ အဲဒီအချိန်မှာတော့ အုပ်ချုပ်ရေးပိုင်းက ထုတ်ပေးထား တဲ့ စလစ်တွေကို ပြန်လည်စိစစ် ပြီး မှန်ကန်တဲ့စာရင်းကောက်ခံဖို့ လိုအပ်ပါတယ်’’ဟု ဦးညီညီကဆိုသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၇)ရပ်ကွက်ကို အပြီးသတ် စာရင်းကောက်ယူထားပြီး လက်ရှိတွင် အမှတ်(၂၂)နှင့် (၅၅)ရပ်ကွက်များ၌ ဆက်လက်ကောက်ယူနေဆဲဖြစ်ကာ ကျူးကျော်ပြည်သူ ၂,၀၀၀ ကျော် စာရင်းကောက်ယူ ရရှိထားကြောင်း ယင်းမြို့နယ် စာရင်းကောက်ယူ ရေးအဖွဲ့မှ သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့ နယ်တွင် ရပ်ကွက်ပေါင်း ၂၁ ခုရှိပြီး ကျူးကျော်တဲ ၄,၆၅၄ လုံးနှင့် ကျူးကျော်ပြည်သူ လူဦးရေ ၁၈,၉၀၀ ကျော် ရှိနေသည်ဟု ခန့်မှန်းထား သည်

Source:7Daily

Facebook comments