ဧရာဝတီနှင့် ချင်းတွင်း မြစ်ရေ တစ်ကျော့ပြန်မြင့်တက် လာသောကြောင့် မြစ်ကမ်းဘေး နေအိမ်အချို့ အရေးပေါ်ပြောင်း ရွှေ့မှုများ ပြန်လည်ပြုလုပ်နေ ကြောင်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဦးစီးဌာနမှ သတင်းရရှိသည်။
စက်တင်ဘာသည် တတိယ ရေကြီးကာလဖြစ်ပြီး စက်တင်ဘာ ၅ ရက်နောက်ပိုင်းမှစကာ မြစ်ရေများတစ်ကျော့ပြန်မြင့်တက်လာ ခြင်း ဖြစ်သည်။ စိုးရိမ်ရေမှတ်သို့ မရောက်ရှိသေးသော်လည်း ချင်းတွင်း မြစ်ရေပြန်လည်မြင့်တက် လာကာ ကမ်းပါးပြိုကျ၍ မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ်မှ မြစ်ကမ်းဘေးနေအိမ်အချို့ အရေးပေါ်ပြောင်းရွှေ့ထားရကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန ညွှန်ကြားရေး မှူးတစ်ဦးက ပြောကြားသည်။
ဧရာဝတီမြစ်ရေ မြို့နယ် အများစုတွင် ပြန်လည်မြင့်တက်လာပြီး ဟင်္သာတမြို့၌ စက်တင်ဘာ ၉ ရက်တွင် တစ်ပေကျော် မြင့်တက်လာကြောင်း ဟင်္သာတခရိုင် ဆည်မြောင်းဦးစီးဌာနမှ သတင်းရရှိသည်။
စက်တင်ဘာအတွင်း ဧရာဝတီ၊ ချင်းတွင်းနှင့် ဒုဋ္ဌ၀တီမြစ်များ အပြင် ဒေသတွင်းမြစ်ချောင်းများ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာနိုင်၍ မြစ်ကမ်းနံဘေး နေသူများ ရေဘေးသတိပြု ရန် မိုးဇလဌာနက သတိပေးထားသည်။
လတ်တလော ရာသီဥတုအ ခြေအနေအရ စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်းနှင့် ကချင်ပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ကာ နောက်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်တို့တွင် မိုးပိုလာနိုင်ကြောင်း မိုးဇလဌာနက စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထား သည်။
မြစ်ကြီးများ စိုးရိမ်ရေမှတ်အ ထက် မြင့်တက်ခဲ့သော သြဂုတ် အတွင်း ရေဘေးကာလတွင် မြန်မာနိုင်ငံဒေသအနှံ့လူဦးရေ လေးသိန်းကျော် ရေဘေးလွတ်ရာ သို့ တိမ်းရှောင်ခဲ့ရကြောင်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန မှတ်တမ်းများ အရ သိရသည်။
Source : 7Day Daily
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments